အီကွေဒေါ ငလျင်ကြောင့် သေဆုံးသူ (၂၄၆) ဦးအထိ မြင့်တက်လာ

အီကွေဒေါ ငလျင်ကြောင့် သေဆုံးသူ (၂၄၆) ဦးအထိ မြင့်တက်လာ
အီကွေဒေါ မြောက်ပိုင်းကမ်းရိုးတန်းဒေသတွင် စနေနေ့ ညက လှုပ်ခဲ့တဲ့ (၇.၈) မဂ္ဂနီကျုရှိ အင်အားပြင်း ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မြင်ကွင်းကို ဧပြီ (၁၇) ရက်က တွေ့ရပါတယ်။ (ဓာတ်ပုံ - အီးပီအေ)

အီကွေဒေါ မြောက်ပိုင်းကမ်းရိုးတန်းဒေသတွင် စနေနေ့ ညက လှုပ်ခဲ့တဲ့ (၇.၈) မဂ္ဂနီကျုရှိ အင်အားပြင်း ငလျင်ကြောင့် ငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ (၂၄၆) ဦးထိ ရှိလာပြီး ဒဏ်ရရသူ (၁၅၅၇) ဦးထိ ရှိကြောင်း ဒုတိယ သမ္မတ ဂျော့ဂျ်ကလက်စ်က အီကွေဒေါ တီဗွီကနေ တနင်္ဂနွေနေ့ ညနေပိုင်းက ပြောပါတယ်။

အဆိုးဆုံး ငလျင်ဒဏ်ထိခဲ့တဲ့ မာနာဘီ ကမ်းရိုးတန်းပြည်နယ်မှာ (၂၀၀) ဦးခန့် သေဆုံးခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကိုလည်း ရှာဖွေနေဆဲဖြစ်ပါတယ်။ အနည်းဆုံး အဆောက်အဦး (၃၇၀) ခန့် ပျက်စီးခဲ့ရပြီး နောက်ထပ် အဆောက်အဦး (၁၅၁) ခုနဲ့ ကျောင်းပေါင်း (၂၆) ခုတို့ကလည်း ငလျင်ဒဏ်သင့်ခဲ့ရတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ဒေသများတွင် အရေးပေါ်အခြေအနေကြေညာထားရပြီး အီကွေဒေါစစ်တပ်မှ တပ်သား (၁၀၀၀၀) ခန့်နှင့် ရဲတပ်ဖွဲ့ဝင် (၃၅၀၀) ခန့်က ၎င်းဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ထို့အတူ အစားအစာနှင့် အခြားအရေးပေါ်လိုအပ်သောပစ္စည်းများ ထောက်ပံ့ပေးရေး လုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ်ပြီး နိုင်ငံတကာကလည်း အကူအညီများပေးအပ်ရန် စတင်စီစဉ်နေပြီ ဖြစ်ပါတယ်။

အီကွေဒေါနိုင်ငံဟာ ပထဝီဝင်အနေအထားအရ ငလျင်ဒဏ်ခံစားရလေ့ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့် ယခုလှုပ်ခတ်တဲ့ ငလျင်မှာ ၁၉၇၉ ခုနှစ်နောက်ပိုင်း အင်အားအပြင်းဆုံး ငလျင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က အီကွေဒေါ ငလျင်မတိုင်မီ ဂျပန်မှာ အင်အားပြင်း ငလျင် နှစ်ကြိမ်လှုပ်ခဲ့ပါတယ်။

ကြာသပတေးနေ့က ဂျပန်နိုင်ငံတောင်ပိုင်း၊ ကျူးရှုးပြည်နယ်မှာ (၆.၂) မဂ္ဂနီကျု ငလျင် လှုပ်ခတ်ခဲ့ပြီး အလားတူနေရာမှာပဲ စနေနေ့က နောက်ဆက်တွဲ ငလျင် (၇.ဝ) ပြင်းအားရှိ ငလျင်တွေကြောင့် လူ (၄၁) ဦး သေဆုံးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly