တော်လှန်ရေးအတွက် လက်နက်ခဲယမ်းလိုအပ်နေတယ်လို့ အမျိုးသမီးတပ်ဖွဲ့များပြော

By KMN (မဇ္ဈိမ)
19 September 2023
တော်လှန်ရေးအတွက် လက်နက်ခဲယမ်းလိုအပ်နေတယ်လို့ အမျိုးသမီးတပ်ဖွဲ့များပြော

စစ်ကောင်စီကို တော်လှန်ရေးဆင်နွဲနေတာ နှစ်နှစ်ကျော်ကြာလာတဲ့အချိန်မှာတော့ လက်နက် ခဲယမ်းလိုအပ်ချက်တွေ တနေ့တခြားများလာတယ်လို့ အမျိုးသမီးတွေသီးသန့်ဖွဲ့စည့်ထားတဲ့ တပ်ဖွဲ့တွေ ကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေ ထိုးစစ်ဆင်လာတဲ့အခါမှာ လက်လုပ်မိုင်းတွေနဲ့သာ တိုက်ခိုက်နေရပြီး ခုခံ စရာ လက်နက်ကျည်ဆံတွေ၊ ဒရုန်းနဲ့တိုက်ခိုက်ဖို့ အီနာဂါလို ဗုံးသီးတွေ လိုအပ်နေတယ်လို့ TGR Women Drone တပ်ဖွဲ့ခေါင်းဆောင် ကျားခင်စိန်ကပြောပါတယ်။
မြောင်မြို့နယ်အမျိုးသမီးစစ်သည်တော်(Myaung Women Warriors) အဖွဲ့ကတော့ တော်လှန်ရေး အရှိန် အဟုန်မြင့်တက်လာနေပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေမှာ အမျိုးသမီးတွေပါဝင်လာကြပြီလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း စစ်ဆင်ရေးတွေမှာ အသာစီးရနေပေမယ့် ကျည်ဆံနဲ့ ခဲယမ်းမလုံလောက်လို့ ပြန်ဆုတ်ခဲ့ ရတာတွေရှိနေတယ်လို့ ပြောပါတယ်။

တင်ဆက်၊ တည်းဖြတ် - KMN 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly