မြောင်က ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ အကူအညီ လိုအပ်နေ

By KMN (မဇ္ဈိမ)
18 September 2023
မြောင်က ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ အကူအညီ လိုအပ်နေ

စစ်ကိုင်တိုင်း ၊ မြောင်မြို့နယ်မှာ  ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ အခြေခံပညာစာသင်ကျောင်း ၃၁ ကျောင်းက ကျောင်းသား၊ကျောင်းသူတွေ ဆရာ၊ဆရာမတွေ အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ မြောင်မြို့နယ်ပညာရေးကွန်ရက် တာဝန်ခံက မဇ္ဈိမကို ပြောပါတယ်။

ဒီကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် စာသင်ဆောင်လိုအပ်ချက်၊ ပုံနှိပ်စာအုပ် စာရေးကိရယာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆရာ ဆရာမတွေအတွက် လုပ်ခလစာ သတ်မှတ်ပေးနိုင်ဖို့လည်း ငွေကြေးလိုအပ်ချက်ရှိတာကြောင့် ကူညီလှူဒါန်းပေးကြဖို့ မြောင်ပညာရေးကွန်ရက်က ဆိုပါတယ်။

စာသင်ကြားနေတဲ့ ကလေးငယ်တွေနဲ့ဆရာ ဆရာမတွေကို စစ်ကောင်စီက အသက်အန္တရာယ်ခြိမ်းခြောက်တာ၊ စာသင်ကြားခွင့်မရအောင် နည်းလမ်းမျိုးစုံနဲ့ နှောက်ယှက်တာတွေရှိနေတယ်လို့ မြောင်မြို့နယ် ပညာရေးကွန်ရက်တာဝန်ခံက ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

#မြောင်
#ကိုယ်ထူကိုယ်ထ
#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly