တရားမဝင်မူးယစ်ဆေး တင်ပို့ထုတ်လုပ်တဲ့ နိုင်ငံတွေစာရင်းထဲ မြန်မာကို အမေရိကန်ထည့်သွင်း

By မဇ္ဈိမ 
18 September 2023
တရားမဝင်မူးယစ်ဆေး တင်ပို့ထုတ်လုပ်တဲ့ နိုင်ငံတွေစာရင်းထဲ မြန်မာကို အမေရိကန်ထည့်သွင်း

အမေရိကန်သမ္မတအိမ်ဖြူက စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ တရားမဝင် မူးယစ်ဆေး တင်ပို့ထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ပတ်သက်တဲ့ သမ္မတရဲ့ ဆုံးဖြတ်ချက်စာလွှာထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းလိုက်ပါတယ်။

မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ လာအိုနဲ့ အာဖဂန်နစ္စတန် အပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံကို ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေး အဓိကထုတ်လုပ်မှု ဒါမှမဟုတ် တင်ပို့မှု အဓိကလုပ်ဆောင်နေတဲ့ နိုင်ငံစာရင်းမှာ ထည့်သွင်းကြောင်း နိုင်ငံခြားရေးဝန်ကြီးထံ ပြန်တမ်းပေးပို့လိုက်တာ ဖြစ်ပါတယ်။

ဒီနိုင်ငံတွေဟာ ပထဝီအနေအထားအရဖြစ်စေ၊ ဈေးကွက်ဆိုင်ရာနဲ့ စီးပွါးရေးအရဖြစ်စေ တရားမဝင် မူးယစ်ဆေးတွေကို ထုတ်လုပ်တာ ဒါမှမဟုတ် တင်ပို့မှု ရှိနေတာတွေ့ရပြီး တချို့နိုင်ငံတွေမှာဆို အစိုးရကိုယ်တိုင်က မူးယစ်ဆေးထုတ်လုပ်ရောင်းဝယ်မှုအတွက် တင်းကြပ်တဲ့ဥပဒေတွေ ချမှတ်ဆောင်ရွက် ထိန်းချုပ်နေတဲ့ကြားကပဲ လုပ်ဆောင်နေကြတာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

မြန်မာနဲ့အတူ ဒီစာရင်းမှာ ထည့်သွင်းတာခံရတဲ့ နိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ ဘဟားမား၊ ဘီလီဇ်၊ ဘိုလစ်ဗီယား၊ တရုတ်၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ဂွာတီမာလာ၊ အိန္ဒိယ၊ လာအို၊ ပါကစ္စတန်အပါအဝင် နိုင်ငံပေါက်ူ ၂၃ နိုင်ငံကို တည့်သွင်းထားတာ ဖြစ်ပါတယ်။

အခုလို မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နိုင်ငံတွေစာရင်းမှာ အမေရိကန်ပြည်ထောင်စုကို ကြီးကြီးမားမား ရိုက်ခတ်မှုရှိနေတဲ့ တရားမဝင် မူးယစ်ဆေး ထုတ်လုပ်ရာမှာသုံးတဲ့ ဓါတုပစ္စည်းတင်ပို့ ထုတ်လုပ်တဲ့ နိုင်ငံတွေကိုပါ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ဒီလို ထုတ်လုပ်တင်ပို့နေတဲ့ နိုင်ငံထဲမှာ အဓိက နိုင်ငံတခုဖြစ်နေပြီး တရုတ်နဲ့ တခြား ဒီလို ဓါတုပစ္စည်းတွေ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ ဓါတုပစ္စည်းတွေနဲ့ ပတ်သက်ပြီး တင်းကြပ်တဲ့ ထိန်းချုပ်မှုတွေ လုပ်ဆောင်ဖို့လည်း အမေရိကန်က ပြင်းပြင်းထန်ထန် တိုက်တွန်းကြောင်း ဖေါ်ပြထားပါတယ်။

၂၀၂၂ နှစ်မှာ မူးယစ်ဆေးလွန်ပြီး သေဆုံးရသူ တဟုန်ထိုး များလာပြီး သေဆုံးသူက ၁ သိန်း ၉ ထောင်ကျော်ရှိနေကြောင်း CDC ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားတာပါ။

မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးအချ က်အချာကျတဲ့ မြို့နယ်ပေါင်း ၁၁၀ ထဲ မှ ၉၃ မြို့နယ်နဲ့အထက်မှာ စိတ်ကြွရူး သွပ်ဆေးပြား(WY)အပါအဝင် မူးယစ်ဆေးဝါးတွေကို အလွယ်တကူဝယ်ယူနိုင်တာတွေ့ရတယ်လို့ ISP Myanmar က ကောက်ယူထုတ်ပြန်တဲ့ စစ်တမ်းအချက်အလက်မှာ ဖော်ပြထားပါတယ်။

အဲဒီမြို့နယ်တွေထဲမှ ရှမ်းပြည်၊ကျိုင်းတုံမြို့နယ်မှာဆိုရင် မူးယစ်ဆေးဝါးရနိုင်တဲ့နေရာ ၂၅၀ ဝန်းကျင်အထိ ရှိ ပြီး ရှမ်းပြည်၊မူဆယ်၊ရန်ကုန်တိုင်း၊အင်းစိန်နဲ့ ဒလမြို့နယ်တို့မှာတော့ မူးယစ်ဆေး ဝါးရနိုင်တဲ့နေရာ ၁၀၀ ဝန်း ကျင်ရှိနေတာတွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် WY အပါအဝင် မူးယစ်ဆေးဝါးတွေ ဈေးနှုန်း သိသိသာသာ ကျဆင်းသွားခဲ့ပြီး ရခိုင်မှာဆိုရင် အာ ဏာမသိမ်းခင်က တစ်ပြားကို ၂၀၀၀ လောက်ပေးခဲ့ရတဲ့ WY ဈေးဟာ လက်ရှိမှာ ကျပ် ၄၀၀၊ ၅၀၀ ဝန်းကျင်သာ ရှိတော့တယ်လို့ ဆိုကြပါတယ်။

ရခိုင်ဟာ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးရောင်း ဝယ်ကုန်ကူးသူတွေရဲ့ အဓိကျရာလမ်းကြောင်းတစ်ခု ဖြစ်ပေမယ့် ဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေကတော့ မရှိသလောက် နည်းပါးတယ်လို့ ထော က်ပြကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ဘိန်းစို က်ပျိုးမှုဟာလည်း စစ်တပ်အာဏာသိ မ်းပြီးနောက် ၃၃ ရာခိုင် နှုန်းအထိ တိုးလာခဲ့တယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး (UNODC) ရဲ့ ၂၀၂၃ ခုနှစ်ထုတ်၊အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။

အဖတ်တမင်းလို့ ခေါ်တဲ့ စိတ်ကြွရူးသွပ်ဆေးပြား (WY)နဲ့ ပုံဆောင်ခဲ(ICE)တို့ကို မြန်မာ၊လာအို သုံးနိုင်ငံအစပ်ဖြစ် သည့် ရွှေတြိဂံနယ်မြေမှာ ထုတ်လုပ်ကြပြီး အထူးသဖြင့် မြန်မာနိုင်ငံ၊ရှမ်းပြည်မှာ ထုတ်ကြတယ်လို့ (UNODC)ရဲ့ ထု တ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly