(၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စား လှယ်တာဝန်ကို လက်ရှိသံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုပေးဖို့ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ပြီးခဲ့တဲ့စနေနေ့က ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ဆန္ဒပြတောင်းဆိုခဲ့ကြပါ တယ်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာသာမကဘဲ ဗြိတိန်နဲ့ နယ်သာလန်နိုင်ငံတွေမှာလည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ဆန္ဒဖေါ်ထုတ်တောင်းဆိုမှုတွေ ပြုလုပ်ကြပါတယ်။
လာမယ့်စက်တင်ဘာလ ၁၈ ရက်ကနေ ၂၆ ရက်နေ့အထိ နယူးယောက်မြို့မှာ ကျင်းပမယ့် (၇၈)ကြိမ် မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဦးကျော်မိုးထွန်းကို အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက် ထားမလား၊ စစ်ကောင်စီက တင်သွင်းမယ့်သူကို နေရာပေးမလား၊ ဘယ်သူ့ကိုမှ မခန့်ဘဲ နေရာလပ်ချန် ထားမလားဆိုတာကို ဆုံးဖြတ်ဖို့ ရှိနေတာပါ။
တင်ဆက်၊ တည်းဖြတ် -မောင်ခက်နွေ