နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၇ စက်တင်ဘာ ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၇ စက်တင်ဘာ ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စစ်တပ်ပိုင်မြေနှင့်အဆောက်အအုံများကို နွေဦးတော်လှန်ရေး မဟာဗျူဟာ ​မြောက်ထိုးစစ်အတွက်ရန်ပုံငွေအတွက် ရောင်းချသွားမည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ကထုတ်ပြန်ကြေညာသည်။

မကွေးတိုင်း၊ အောင်လံမြို့ရှိ လဝကရုံး၌ ကင်းစောင့်နေသော စစ်သားများကို ဖောက်ခွဲ တိုက်ခိုက် ရာ ၁ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းကို စစ်ကောင်စီက ၎င်းတို့၏ လက်အောက်ခံ အရှေ့ပိုင်းခရိုင်တရားရုံးတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံတရားစွဲဆိုလိုက်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် စာသင်ကျောင်းတွင် တပ်စွဲထားပြီး အနီးဝန်းကျင် ကျေးရွာများအား စစ်ကြောင်းထိုးပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ ကြောင်း GTR-MMU အဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်တွင် စခန်းချ တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းမှ တပ်သားများ ထမင်းစားနေစဥ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒုဗိုလ်တဦးသေဆုံးပြီး ငါးဦးပြင်းထန်ဒဏ်ရာ ရရှိသွား ကြောင်း Black Wolf Army တာဝန်ရှိသူထံက သိရသည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ နောင်ကြီးအိုင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်အထိနာ၍ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် အသီးသီးမှ ဒေသပြည်သူများ ဦးဆောင်ကာ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့် ၁နှစ်ပြည့်နေ့ အဖြစ် ဆုတောင်းပွဲနှင့် ချီတက် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် “စုပေါင်း ပြစ်ဒဏ်” ချမှတ်သည့် မဟာဗျူဟာတရပ် ဖော်ဆောင်ခြင်းအားဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်နေသည့် စစ်အုပ်စု၏ တိုက်ခိုက်မှုများကို ရပ်ဆိုင်းစေနိုင်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စား လှယ်က ပြောသည်။

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ငွေတောင်ကျေးရွာရှိ စားသောက်ဆိုင်တစ်ဆိုင်မှ လင်မယားနှစ်ဦးနှင့် (၁၃)နှစ်အရွယ်သမီးဖြစ်သူတို့ကို ပျူစောထီးများက သတ်ဖြတ်သွားကြောင်း ဒေသတွင်း သတင်းရင်း မြစ်များက ပြောသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ စစ်ကောင်စီ​၏ မြဝတီဘဏ်ကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း No More Dictatorship People Defence Force -NMD အဖွဲ့မှတာဝန်ရှိသူက ပြောသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ပိုင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းအား နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့တာဝန်ခံက ပြောသည်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ၊ ညောင်ပင်ကွင်းရွာအခြေစိုက် အမှတ်(၅၆၁) ခြေမြန် တပ်ရင်းမှ စစ်သားတစ်ဦးသည် စက်တင်ဘာလ ၁၃ ရက် နေ့တွင် တနင်္သာရီမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့နှင့်ဆက်သွယ်လာပြီး လက်နက်နှင့်တကွ အလင်းဝင်လာကြောင်း သိရှိရသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိရာ ယမန်နေ့တွင် ဂန့်ဂေါမြို့နယ် သင်တောကျေးရွာ၌ ဝင်ရောက်တပ်စွဲထားသော အင်အား(၁၀၀)ခန့်ပါ စစ်ကြောင်းအား မ​ကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း ပစ်ခတ်သတ်ဖြတ်၍ ပြည်သူ နှစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း HYPER UAV FORCE က အသိပေးထားသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ပါလီမန်ရှေ့နှင့် ဝန်ကြီးချုပ်နေအိမ်ရှေ့တွင် အဆိုပါနိုင်ငံရောက် မြန်မာများ စုပေါင်း၍ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂတွင် ဆက်လက်ကိုယ်စားပြုခွင့်ပြုရန် ယမန်နေ့က တောင်းဆိုဆန္ဒပြခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ Dag Hammerskjold Plaza (E47th St & 1st Ave, NY, NY 10017) တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက ဆက်လက် အတည်ပြု ထားရှိရေးအတွက် UN CREDENTIALS CAMPAIGN အဖြစ် Our Ambassador, Our Voice ကြွေးကြော်သံဖြင့် မြန်မာ လူထုက ယနေ့ ထောက် ခံ ချီတက် ဆန္ဒပြကြသည်။

တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဂီပြည်နယ်၊ ဖိုချွန်းမြို့တွင် ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့၌ ဧရာဝတီ မြစ်ဝကျွန်းပေါ် ကရင်တိုင်းရင်းသားအဖွဲ့များက ဦးဆောင်ကာ တော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

နမ်ဆန်ယန်ကျေးရွာ တဖက်ကမ်းရှိ လိုင်လွမ့်အောင်ဂျာ (Lailum AungJa) စစ်ကောင်စီတပ် စခန်းနေရာကို KIAက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ ၁၀ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့ကြောင်း KIA စစ်ရေးရုံးနှင့် နီးစပ်သူများက အတည်ပြု သည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သဖြင့် ရဲဘော် နှစ်ဦး တာဝန်ထမ်းဆောင်ရင်း နောက်တန်းတွင်ကျဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) CDF – Paletwa က စက်တင်ဘာလ ၁၆ ရက် ယမန်နေ့က ထုတ်ပြန်သည်။

စစ်ကောင်စီ

အာဏာသိမ်းစစ်ကောင်စီက ကုန်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေစဉ် နိုင်ငံတွင် စားသုံးဆီကို ဈေးကွက်ထဲ ဖြည့်ဆည်းထောက်ပံ့ ရောင်းချမှုအပိုင်းတွင် ပြတ်တောက်မှု များ ဖြစ်ပေါ်နေပြီး ပြည်သူများအနေဖြင့် စားဆီ ဝယ်ယူရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ရလျက် ရှိသည်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် စက်တင်ဘာလ ၁၄ ရက်မှ ယနေ့ ၁၇ ရက် နေ့အထိ လေးရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အရပ်သား ၁၀၀ ကျော်ကို လူသားဒိုင်း အဖြစ်ဖမ်းဆီးထားကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်သမီးခင်သီရိသက်မွန် ပိုင်ဆိုင်သည့် 7 Sense ထုတ်လုပ်ရေးအနေဖြင့် ရိုက်ကူးထားသည့် အချိန်လွန်မိုး ဇာတ်ကားကို SM Winner ထုတ်လုပ်ရေးအမည်ဖြင့် ရုံတင်ရန် စီစဉ် နေသည်။

ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း၏ လုပ်ငန်းစဉ်များအရ လာမည့် ၇ နှစ်ကြာကာလ ၂၀၃၀ပြည့်နှစ်တွက် HIV ပိုးကူးစက်မှုကင်းဝေးသည့် လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ထွက်လာ စေရန်ရည်ရွယ်ပြီး အိပ်ချ်စ်အိုင်ဗွီ လူနာများကို ARTဆေးကုဌာန ၄၀၀ကျော် နှင့် ကုသပေးမှုရှိနေ ကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက သိရသည်။

ဇန်နဝါရီလကနေ ဩဂုတ်လကုန်အထိ (၈)လအတွင်း မြန်မာနိုင်ငံကို ပြည်ပခရီးသွားဦးရေ ၇၅၁၂၁၆ ယောက် ဝင်ရောက်ခဲ့ကြောင်း စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး၏ အချက်အလက် များကို ကိုးကား၍ Sky Net One News သတင်းတွင်ဖော်ပြထားသည်။

 အကြမ်းဖက်စစ်ကောင်စီ၏ ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲသည် ယမန်နေ့က နန်နင်းမြို၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အိုးအိမ်နှင့် မြိုပြ-ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဆောင်သောအဖွဲနှင့် တွေ့ဆုံသည်။

အကြမ်းဖက်စစ်တပ်၏ ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က အောင်ပန်းမြိုနယ် အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းသို သွားရောက်၍ ကျောင်းအတွင်း ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကြောင်း စစ်တပ် ဝါဒဖြန့်သတင်း များ တွင် ဖော်ပြထားသည်။

စက်တင်ဘာ ၁၇ ရက် သုံးသပ်ချက်
မြန်မာပြည်သူများ၏ အသံများကို နိုင်ငံတကာမှသိအောင်ဆောင်ရွက်ပေးနေသည့် ကုလသမဂ္ဂ ဆိုင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပြန်လည်ခန့်အပ်ပေးရေးအတွက် မြန်မာ ပြည်သူ များပါမက နိုင်ငံတကာရောက်မြန်မာများကပါ ဆန္ဒပြတောင်းဆိုနေကြပြီး မြန်မာပြည်သူများ၏ အသံကို နိုင်ငံတကာမှ အမြန်ဆုံးသိမြင်နိုင်ရေးအတွက် ဦးကျော်မိုးထွန်းအား မြန်မာသံ  အမတ် ကြီးအဖြစ် ဆက်လက်ခန့်ထားရေးသည် အရေးပါနေသည်။

အကြမ်းဖက်စစ်သားများသည် မြန်မာနိုင်ငံတွင် လိုင်စင်ရ ဓားပြများဖြစ်သကဲ့သို့ ၎င်းတို့ လက်သပ် မွေးထားသည့် ပျူစောထီးနှင့် ပြည်သူ့စစ်များသည်လည်း စစ်အာဏာသိမ်းပြီးနောက် လိုင်စင်ရဓားပြများဖြစ်လာပြီး မြန်မာပြည်သူများသည် ၎င်းတို့၏ နှိပ်စက်ညှင်းပန်းဖိနှိပ်မှုများကို နေ့စဉ်နှင့်အမျှ ခံနေရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required