ပူတာအိုမှာ မူးယစ်ဆေးရောင်းတဲ့အဖွဲ့ကို KIA နဲ့ KPF တို့ပူးပေါင်းဖမ်းဆီး

16 September 2023
ပူတာအိုမှာ မူးယစ်ဆေးရောင်းတဲ့အဖွဲ့ကို KIA နဲ့ KPF တို့ပူးပေါင်းဖမ်းဆီး

ကချင်ပြည်နယ်၊ ပူတာအိုဒေသမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးရယူပေးထားတဲ့ မူးယစ်ဆေးရောင်းတဲ့အဖွဲ့တစ်ခုကို KIA နဲ့ ကာခါဘိုပြည်သူ့ကာကွယ်ရေး Kagabu People's Force (KPF) ပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဒီမူးယစ်ဂိုဏ်းအဖွဲ့ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ကာခါဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပါတယ်။

ဒီလိုဖမ်းဆီးနိုင်အောင် KIA တပ်ဖွဲ့ကဦးဆောင်ခဲ့တာဖြစ်ပြီး ကာခါဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အဓိက လှုပ်ရှားဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကာခါဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဟာ အာဏာမသိမ်းခင် ၂၀ ၂၀ ခုနှစ်ကတည်းကနေ ပူတာအိုဒေသခံ ဌာနေရဝမ်တိုင်းရင်းသားများနဲ့ ဖွဲ့စည်းခဲ့တဲ့ တပ်ဖွဲ့ဖြစ်တယ်လို့သိရပါတယ်။

သတင်း။     ။ အဂမ်
ရုပ်သံတည်းဖြတ်။       ။ ရွှေနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly