ယူရိုပါလိဂ် ဆီမီးဖိုင်နယ် မဲခွဲမှုတွင် ရှက်တာဒိုးနက်က ဆီဗီလာ၊ ဗီလာရီးယဲလ်က လီဗာပူးလ်တို့ တွေ့ဆုံ

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် မဲခွဲမှုတွင် ရှက်တာဒိုးနက်က ဆီဗီလာ၊ ဗီလာရီးယဲလ်က လီဗာပူးလ်တို့ တွေ့ဆုံ

ဧပြီလ (၁၅) ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့တွင် (၂၀၁၅-၁၆) ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်များ မဲခွဲမှုနှင့်အတူ ယူအီးအက်ဖ်အေ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် မဲခွဲမှုကိုပါ ယူအီးအက်ဖ်အေ ဌာနချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။

မဲခွဲမှု ရလဒ်အရ ဆီမီးဖိုင်နယ်အဆင့်မှာ ရှက်တာဒိုးနက်က ဆီဗီလာ၊ ဗီလာရီးယဲလ်က လီဗာပူးလ် အသီးသီး တွေ့ဆုံကြတာဖြစ်ပါတယ်။

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်တွေကို ဧပြီ (၂၈) ရက်မှာ ပထမအကျော့၊ မေ (၅) ရက်မှာ ဒုတိယအကျော့တို့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။

ဆွစ်ဇလန်နိုင်ငံ၊ ဘေဆယ်မှာ ဗိုလ်လုပွဲကို မေ (၁၈) ရက်နေ့ ကစားမှာဖြစ်ပါတယ်။

(ဓာတ်ပုံ - အီးပီအေ)
#မဇ္ဈိမသတင်းဌာန

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly