ဟယ်ရီ မက်ဂွိုင်းယားအပေါ် 'အဓိပ္ပါယ်မဲ့တဲ့' ဝေဖန်မှုကို ဂါရတ် ဆောက်ဂိတ် ရှုတ်ချ

By By PKThawn
13 September 2023
ဟယ်ရီ မက်ဂွိုင်းယားအပေါ် 'အဓိပ္ပါယ်မဲ့တဲ့' ဝေဖန်မှုကို ဂါရတ် ဆောက်ဂိတ် ရှုတ်ချ
Photo: AFP

အင်္ဂလန်အသင်းနည်းပြ ဂါရတ်ဆောက်ဂိတ်က ဟယ်ရီ မက်ဂွိုင်းယားအပေါ်  'အဓိပ္ပါယ်မရှိတဲ့ ဆက်ဆံမှု"ကို ရှုတ်ချခဲ့ပြီး နောက်ခံကစားသမား ရင်ဆိုင်နေရတဲ့ ဝေဖန်မှုဟာ "ပြက်ရယ်စရာ တခု" ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

အသက် ၃၀ နှစ်ရှိ မက်ဂွိုင်းယားဟာ သူ့ရဲ ၅၉ ပွဲမြောက်အဖြစ် အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရခဲ့ပေမယ့်လည်း အင်္ဂါနေ့က စကော့တလန်ကို ၃-၁ ဂိုးနဲ့ အနိုင်ရတဲ့ အဝေးကွင်းခြေစမ်းပွဲမှာ ကိုယ့်ဂိုးကို သွင်းမိခဲ့ပါတယ်။

သူဟာ အင်္ဂလန်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်နဲ့ ၂၀၂၀ ယူရို ဖိုင်နယ်အထိ ရောက်အောင် ကူညီပေးခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်မှာ ပထမအသင်းအတွက် ရုန်းကန်ခဲ့ရပါတယ်။

“ကစားသမားတယောက်ဟာ သူ့ပုံစံအတိုင်း ဆက်ဆံခံရတာကို ကျနော် တခါမှ မသိဖူးပါဘူး။"လို့ ဆောက်ဂိတ်က ပြောပါတယ်။

“ဆယ်စုနှစ်တွေကြာအောင် ဒုတိယအအောင်မြင်ဆုံးအင်္ဂလန်အသင်းမှာ ကျနော်တို့အတွက် သူဟာလုံးဝကို အားကိုးထိုက်သူ၊ သစ္စာစောင့်သိသူတဦးပါ။ သူက အဲဒါရဲ့ အဓိက အစိတ်အပိုင်းတခုပါ။

"ကျနော်တို့ရဲ့ စီနီယာကစားသမားတွေရဲ့ အရေးပါပုံကို ကျနော်ပြောခဲ့ပြီးပါပြီ၊ သူဟာ အဲ့ဒီအထဲမှာမှ တော်တော်အရေးပါပါတယ်။

"သူကွင်းထဲဝင်တိုင်း သူပြသခဲ့တဲ့ ခံနိုင်ရည်ဟာ မယုံနိုင်စရာပါပဲ။ သူက ထိပ်တန်းကစားသမားဖြစ်ပြီး ကျနော်တို့အားလုံး သူနဲ့အတူရှိနေသလို ကျနော်တို့ရဲ့ ပရိသတ်တွေကလည်း သူနဲ့အတူ အခိုင်အမာရှိနေခဲ့ပါတယ်။"

မက်ဂွိုင်းယားဟာ ဒီနွေရာသီမှာ ယူနိုက်တက်အသင်းခေါင်းဆောင်ရာထူးကနေ အချခံခဲ့ရပြီး အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့်လည်း တခြားနောက်ခံလူတွေ ဒဏ်ရာရရှိသွားတဲ့နောက် အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်ရှိနေခဲ့တာပါ။

သူဟာ ယူနိုက်တက်က အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲရဲ့ ဒုတိယပိုင်းမှာ လူစားထိုးအနေနဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ ဒီရာသီ သူ့ရဲ့ပထမဆုံးပွဲကို ကစားခဲ့ပါတယ်။

စကော့တလန်နဲ့ပွဲမှာတော့ မက်ဂွိုင်းယားဟာ ပွဲချိန်ဝက်မှာ လူစားဝင်ခဲ့ပြီး ၆၇ မိနစ်မှာ ကိုယ့်ဂိုးကို မသွင်းမိခင် အိမ်ကွင်းပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။

"စကော့တလန်ပရိသတ်တွေရဲ့ အမြင်ကနေ ကျနော် နားလည်ပေးနိုင်ပါတယ်။ သူတို့လုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျနော် လုံးဝ ညည်းညူစရာမရှိပါဘူး"လို့ ဆောက်ဂိတ်က ထပ်ပြောခဲ့ပါတယ်။

“ဒါပေမယ့် ဒါဟာ အချိန်ကာလကြာ သူ့အပေါ် အဓိပ္ပါယ်မရှိတဲ့ ဆက်ဆံမှုရဲ့ အကျိုးဆက်ပါပဲ။

"ဒါဟာ ပြက်ရယ်စရာ တခုပါပဲ။ စကော့တလန်ပရိသတ်တွေမှ မဟုတ်ဘဲ၊ ကျနော်တို့ရဲ့ မှတ်ချက်ပေးသူတွေ၊ ဝေဖန်သုံးသပ်သူတွေ ဒါမှမဟုတ် ဘာတွေပဲဖြစ်ဖြစ်ပေါ့။ ကျနော် မြင်ဖူးသမျှထက်ကျော်လွန်တဲ့ အရာတခုကို သူတို့တွေ ဖန်တီးခဲ့ကြတာပါ။

"ကျနော်တို့ရဲ့ပရိသတ်တွေကတော့ သူ့ကို အသိမှတ်ပြုခဲ့တယ်လို့ ထင်တယ်၊ 'အိုကေ ကျနော် ပရိသတ်တွေကနေ နွေးထွေးပေးနေနိုင်တယ်၊ ဒါပေမယ့် ကျနော်တို့က ပြင်ပလွှမ်းမိုးမှုတွေကနေ သူ့ကို ကာကွယ်ပေးသွားမှာပါ။"

Ref; BBC
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required