ဒရုန်းပစ် လက်နက်တွေ လိုအပ်နေတယ်လို့ တမူး PDF ပြော

By ပါခွီး (မဇ္ဈိမ)
11 September 2023
ဒရုန်းပစ် လက်နက်တွေ လိုအပ်နေတယ်လို့ တမူး PDF ပြော

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်က ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေဘက်က ထိခိုက်မှုရှိနေတဲ့အတွက် ဒရုန်းပစ်လက်နက်တွေ လိုအပ်နေတယ်လို့ တမူးခရိုင် PDF တပ်ရင်း (၁) က မဇ္ဈိမကို ပြောပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လကနေစပြီး လက်ရှိအချိန်ထိ ကြိုးကြားတိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းအပြင် ရင်ဆိုင်တိုက်ပွဲတွေ အပြီးမှာ  ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတာပါ။

စက်တင်ဘာလ ၉ ရက်နေ့မှာတော့ စစ်ကောင်စီတပ်ဘက်က ကလေးမြို့  ဒေသကွပ်ကဲမှု စစ်ဌာချုပ် ဒကစက အင်အား ၂၀၀ကျော်နှင့် ပျူစောထီးတွေ ပူးပေါင်းပြီး စစ်ကြောင်းထိုးတာတွေ လုပ်နေပါတယ်။

သတင်း - ပါခွီး
တင်ဆက်၊တည်းဖြတ် - KMN

#ဒရုန်းပစ်လက်နက်လို
#တမူးPDF
#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly