မြန်မာတစ်နိုင်ငံလုံးနီးပါး ငလျင်လှုပ်

မြန်မာတစ်နိုင်ငံလုံးနီးပါး ငလျင်လှုပ်

မြန်မာနိုင်ငံတွင် ဧပြီ ၁၃ရက် ည ၈နာရီ ၂၇ မိနစ်ခန့်က စစ်ကိုင်းတိုင်း မော်လိုက်မြို့ကို ဗဟိုပြုပြီး ပြင်းအား ၆.၉ ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း ငလျင်တိုင်းတာရေးဝက်ဆိုက်များက ဖော်ပြထားသည်။ 

ငလျင်ကြောင့် စစ်ကိုင်းတိုင်း မော်လိုက်၊ ရွှေဘို၊ မုံရွာ နှင့် မန္တလေးတိုင်း မိုးကုတ်၊ နေပြည်တော်တို့မှာ အဓိက ခံစားရမည်ဟု သိရသည်။

ယင်းငလျင်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် အပါအဝင် နိုင်ငံအတွင်း နေရာအတော်များများတွင် လှုပ်ခတ်ကြောင့် သတင်းပေးပို့ချက်များအရ သိရသည်။

မုံရွာမြို့မှဆိုလျှင် အနောက်မြောက်ဘက် ၆၂ မိုင်အကွာကိုဗဟိုပြုသော ယင်းငလျင်လှုပ်ခတ်မှုမှာ အိန္ဒိယနိုင်ငံ၊ အရှေ့ဘက်ရှိ ဂူဝါဟ်ဒီမြို့အထိရုက်ခတ်မှုရှိခဲ့သည်။

ယနေ့ ည ၇နာရီခွဲခန့်ကလည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ၆.၈ အင်အားရှိ အင်အားပြင်းငလျင်လှုပ်ခတ်သွားကြောင်း The Financial Express သတင်းတစ်ရပ်က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly