တောင်တွင်းကြီးတွင် လေပြင်းတိုက်ခတ်သဖြင့်နေအိမ်များ အမိုးလန်

တောင်တွင်းကြီးတွင် လေပြင်းတိုက်ခတ်သဖြင့်နေအိမ်များ အမိုးလန်

တောင်တွင်းကြီး၊ ဧပြီ ၁၂ ။ ။ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ စစ်တားကျေးရွာအုပ်စု၊မင်းကွင်း ကျေးရွာတွင် ဧပြီလ ၁၂ရက် ညနေ  ၄ နာရီအချိန်ခန့်က လေပွေတစ်ခုတိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ် (၇) လုံးခန့် အိမ်အမိုးများလန်ခြင်း၊ အမိုးများအဝေးသို့လွင့်ခြင်းများဖြစ်ပွားခဲ့သည်။

ယင်းကျေးရွာသို့ တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းထွန်း နှင့် ဦးဝင်းမြင့်လှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ မြို့နယ်အတွင်းမှ လူမှုကူညီရေးအသင်းများဖြစ်သည့် စန္ဒာ သူရိယ ကျန်းမာ ပညာကူညီရေးအသင်းနှင့် စိတ္တသုခ လူမှုကူညီရေးအသင်းတို့မှ သွားရောက်၍ ပျက်စီးဆုံးရှုံးမှုများကို လေ့လာစိစစ်ခြင်း၊ အားပေးစကားပြောခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly