အလုပ်လက်မဲ့ဆိုင်ရာ အချက်အလက်များ ထုတ်ပြန်မှု ဆိုင်းငံ့လိုက်ခြင်းကြောင့် တရုတ်လူငယ်များ ဒေါသထွက်

By Directus.gr    
10 September 2023
အလုပ်လက်မဲ့ဆိုင်ရာ အချက်အလက်များ ထုတ်ပြန်မှု ဆိုင်းငံ့လိုက်ခြင်းကြောင့် တရုတ်လူငယ်များ ဒေါသထွက်

တရုတ်တွင် အလုပ်လက်မဲ့နှုန်းသည် အကျပ်အတည်းဖြစ်ပေါ်စေနိုင်သည့်အဆင့်သို့ ရောက်ရှိလာခြင်းကြောင့် အလုပ်လက်မဲ့ဆိုင်ရာ အချက်အလက်များကို အများပြည်သူအား ထုတ်ပြန်ရေးကို တရုတ်အစိုးရက ဆိုင်းငံ့ လိုက်သည်။

 အလုပ်လက်မဲ့နှုန်းသည် ၂၀၂၃ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းခန့်ရှိလာခြင်းကြောင့် တရုတ်ကျွမ်းကျင်သူများက စိုးရိမ် နေကြသည်။ မြို့ပြအလုပ်လက်မဲ့နှုန်းသည် ၂၀၂၃ခုနှစ်လယ်တွင် ၂၁ ဒသမ ၃ ရာခိုင်နှုန်းအထိ စံချိန်တင်ခဲ့ ကြောင်း တရုတ်အစိုးရက ဝန်ခံခဲ့သည်။

သို့သော် အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များကို ဆိုင်းငံ့လိုက်ခြင်းကြောင့် တရုတ်လူငယ်များက ဒေါသတ ကြီးတုံ့ပြန်ခဲ့ကြသည်။ အလုပ်လက်မဲ့ဖြစ်မှုသည် လူငယ်များနှင့် စီးပွားရေးကို ထိခိုက်လာခြင်းကြောင့် အလုပ် လက်မဲ့ကိစ္စသည် အဓိက ပြဿနာတစ်ရပ်ဖြစ်လာနေသည်။

အလုပ်လက်မဲ့နှုန်းမှာ ၂၀ ရာခိုင်နှုန်းကျော်ရှိကြောင်း အစိုးရအချက်အလက်များက ဖော်ပြနေသော်လည်း မြေပြင်အခြေအနေသည် များစွာပိုမိုဆိုးရွားနိုင်ကြောင်း ကျွမ်းကျင်သူများက ယူဆကြသည်။

တရုတ်တက္ကသိုလ်များသည် အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များကို မမှန်မကန်ဖော်ပြရာတွင် ပါဝင် ပတ်သက်နေသည်။အလုပ်အကိုင်တိုင်းတာရေး နည်းလမ်းများတွင် “အလုပ်အကိုင်မရှိသူများ၊ ပညာရေး သို့မဟုတ် လေ့ကျင့်ရေး ကဏ္ဍ” များကို ဖယ်ထားခြင်းကြောင့် အမှန်တကယ် အလုပ်လက်မဲ့နှုန်းမှာ ၄၆ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်မား နိုင်ကြောင်း ပီကင်းတက္ကသိုလ်မှ စီးပွားရေးပါမောက္ခ ကျန်းဒန်ဒန်က ပြောကြားခဲ့သည်။

နာမည်ကျော် တရုတ်ဘဏ္ဍာရေး မဂ္ဂဇင်း Caixin တွင် ဖော်ပြခဲ့သော ကျန်း၏ အမြင်များကို နောက်ပိုင်းတွင် ဆင်ဆာဖြတ်တောက်ခဲ့သည်။ "ကျွန်တော် အကြိမ်ကြိမ်ကြိုးစားပြီး လိုချင်တာကို ရှာခဲ့ပေမဲ့ မရလို့လက်လျှော့လိုက်ချင်ပါတယ်" ဟု ကျူရှန်ယန်အမည်ရှိ လူငယ်လေးတစ်ယောက်က ပြောကြားသည်။ 

တရုတ်နိုင်ငံတော်စာရင်းအင်းဗျူရို(NBS) က ခိုင်မာသည့်အကြောင်းပြချက်မရှိဘဲ အလုပ်အကိုင်တိုင်းတာရေး နည်းလမ်းများကို ဆိုင်းငံ့လိုက်သည်။ အစိုးရက အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များထုတ်ပြန်မှုကို ရပ်ဆိုင်းပြီးနောက် မကြာမီတွင် တရုတ် လူငယ်များသည် ဆိုရှယ်မီဒီယာတွင် ၎င်းတို့၏ အမြင်များကို ဒေါသတကြီး စတင်ဖော်ပြခဲ့ကြသည်။

တစ်ဦးက NBS ကို “ပြောင်းလဲလွယ်သူ” အဖြစ် ပြောကြားခဲ့ပြီး “လူထုက အမှန်တရားကို သိပိုင်ခွင့်ရှိပါတယ်” ဟု တောင်းဆိုခဲ့သည်။ နှစ်နှစ်ကြာ အလုပ်လက်မဲ့ဖြစ်နေသည့် ကက်ဆီဆန်က “ သူတို့ လိမ်နေတာ နေ့တိုင်းပါ ပဲ” ဟု ပြောကြားသည်။

ယိုယွင်းနေသော အလုပ်အကိုင်အချက်အလက်များကို ထုတ်ဝေခြင်းက တရုတ်တွင် အပျက်သဘောဆောင် သော စိတ်ဓာတ်များ ဖြစ်ပေါ်စေသည်ဟု စီးပွားရေးပညာရှင်များက အခိုင်အမာဆိုသည်။

“ပါးစပ်ကိုပိတ်၊ မျက်စိမှိတ်ထားရုံနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး” ဟု ဆိုရှယ်မီဒီယာ Weibo ပေါ်မှာ တရုတ်လူငယ်များက ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုခဲ့ကြသည်။

 ပေကျင်းမြို့အခြေစိုက် အကြီးတန်းလေ့လာသုံးသပ်သူ အန်ဒီချန်က ယင်းလုပ်ရပ်သည် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမိုဖြစ်ပွားစေနိုင်ကြောင်း ပြောကြားခဲ့သည်။

အလုပ်လက်မဲ့များဆက်လက်များပြားလာပါက လူမှုရေးမတည်မငြိမ်ဖြစ်မည်ကို တရုတ်ကွန်မြူနစ်အစိုးရက စိုးရိမ်နေပုံပေါ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly