နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၀ စက်တင်ဘာ ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၀ စက်တင်ဘာ ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြိုနယ် ပြည်သူ့လုံခြုံရေးလုပ်ငန်းစဉ်များ အကောင် အထည်‌ ဖော်ဆာင်ရွက်ရာမှာ တရားဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ပုလဲမြို့နယ်ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ (ပလဖ)တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီး ကြပ်‌ရေးဝန်ကြီးဌာနက ရဲမှူးကိုယ်တိုင် မြေပြင်လာ‌ရောက်ပြီး သင်တန်းပေးခဲ့ကြောင်း သိရသည်။

•    ပဲခူးတိုင်း၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်၊ ရိုးမဖြတ်ကျော်လမ်း ခါချဥ်တောင်ပေါ်တွင် ကတုတ် ကျင်း  များတူးပြီး အခိုင်အမာ တပ်ဆွဲထားသည့် အကြမ်းဖက် စစ်တပ်၏ ခါချဥ်တောင် စခန်းကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

•    ကေအဲန်ယူ - ကရင့်အမျိုးသားအစည်းအရုံး (၃၂)နှစ်မြောက် ကရင့်အမျိုးသားရဲတပ်ဖွဲ့နေ့ သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေ အထူး ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ် လွှာကို စက်တင်ဘာ ၉ရက်က ပေးပို့ခဲ့သည်။

•    ပဲခူးတိုင်း၊ဝေါမြို့နယ်၊ လက်ပံကျေးရွာမှာရှိသည့် ရန်သူ့တပ်နှင့် ပျုစောထီးများ  အခြေပြုနေထိုင် သည့် ရုံးကို စက်တင်ဘာ ၉ရက် မနက် ၅နာရီ၄၀ မိနစ်မှာ KNLA၊PDF မဟာ မိတ် တပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကျဲ ပြီး မြေပြင်ကနေပါ စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ (စစ်ရုံးချုပ်) က ထုတ်ပြန်သည်။

•    အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဝန်ကြီးဌာန Websites များကို နေပြည် တော်မှ DDOs Attack စနစ်ဖြင့် တိုက်ခိုက်ခဲ့ရာ အမျိုးသား ညီညွတ် ရေးအစိုးရ ဆက်သွယ်ရေး သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန IT & Cybersecurity Department ၏ပြောဆိုချက်ကို ကိုးကား ၍ ရန်ကုန်ခေတ်သစ် သတင်းတွင်ဖော်ပြထားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

•    မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် အထိုင်ချတပ်စွဲထား သည့် စစ်ကောင်စီတပ်သားများအား ယမန်နေ့ စက်တင်ဘာလ၉ရက် ည၇နာရီခန့်တွင် ဒေသတွင်း ညီနောင် မဟာမိတ် တပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား နှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရှိကြောင်း Myingyan Black Tiger (MBT) က ထုတ်ပြန်ထား သည်။

•    မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ၊ လက်ပံလှကျေးရွာအုပ်စု လက်ပံလှကျေးရွာတွင် ယမန်နေ့ ညနေပိုင်း က ကျေးရွာအုပ်ချုပ်ရေးမှူး အပါအ၀င် သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး စိုးရိမ်ရ ဒဏ်ရာ များဖြင့် ဆေးရုံရောက်နေကြောင်း သိရသည်။

•    မန္တလေးတိုင်း၊ မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ စစ်ကောင်စီတပ်၏ ရိက္ခာပို့စစ်သင်္ဘော ခြောက်စီး အထက်သို့ဆန်တက်လာ၍ မြစ်ဘေးနေပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်ကြရန် ဒေသတွင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့များက သတိပေးသည်။

•    ကရင်ပြည်နယ်မှာရှိသည့် စာသင်ကျောင်းများအပေါ် စစ်ကောင်စီတပ်က ပစ်မှတ်ထားပြီး လက်နက်ကြီးနှင့် လေကြောင်းကနေ တိုက်ခိုက်ခြင်းများ ပိုများလာကြောင်း ကရင်လူ့အခွင့် အရေးအဖွဲ့ (KHRG) က ပြောသည်။

•    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ခမရ(၁၂)မှ လာသော စစ်ကောင်စီတပ်ကို သုံးရက်ဆက် လိုက်လံတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘိုမြို့ရှောင်လမ်းအနီးတွင် စက်တင်ဘာလ ၄ ရက်နေ့မှ စက်တင်ဘာလ ၈ ရက်နေ့အထိ ၄ ရက်အကြာ တိုက်ပွဲများဖြစ် ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁ ဦးသေဆုံးကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-ရွှေဘိုလမ်း အုန်းတောကျေးရွာနှင့် ရွာသစ်ကျေးရွာကြား တွင် အကြမ်းဖက်စစ်ကြောင်းနှင့် ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အနည်းဆုံး ၂ ဦး သေဆုံးခဲ့ကြောင်း Fight For Federal တပ်ဖွဲ့မှ သိရသည်။

•    ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် - BNRA ကို ဖွဲ့စည်းခြင်းမှာ သီးခြားတစ်စင် ထောင်ခြင်း မဟုတ်ဘဲ NUG အစိုးရလက်အောက်မှ နေ၍ ပြည်သူလူထုဘက်မှ မားမားမတ်မတ် ရည်တည် သွားနိုင်ရန် ရည် ရွယ်ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် - MRDA ခေါင်းဆောင်၊ BNRA စစ်ဦးစီးချုပ် ဗိုလ်နဂါးက ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

•    ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် စစ်ကောင်စီဗျူဟာစခန်းမှ တပ်ကြီးကြီးနှင့် ဒုတပ်ကြပ်တို့ လက်နက်ခဲယမ်းများဖြင့် ခိုလှုံလာကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) CDF – Matupi က စက်တင် ဘာလ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။

•    ရက္ခိုင့်တပ်တော် (ULA/ AA ) ဖမ်းဆီးခေါ်ဆောင်ထားသော ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ ထိပ်ပိုင်း ခေါင်း ဆောင်နှစ်ဦးကို ပြန်လွှတ်ပေးရန် ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် AFP ပါတီက ထုတ်ပြန်တောင်းဆိုလိုက်သည်။

•    ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့မှ ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ဘက် ဦး တည်ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ နေ့လယ်ပိုင်း၌ တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းတင်ယာဉ်တစ်စီး ယခု မွန်းလွဲ ၂နာရီခန့်အထိ မီးလောင်ပေါက်ကွဲနေကြောင်း ဒေသခံက ပြောသည်။

•    ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ ဖာပွန်ခရိုင်တွင် စက်တင်ဘာ ၇ရက်အတွင်း စစ်ကောင်စီ တပ်စခန်းနေရာ လေးခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကသေဆုံးထိခိုက်ရှိခဲ့ကြောင်း KNLA တပ်မဟာ (၅)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ

•    အကြမ်းဖက် စစ်ကောင်စီက ဆိုင်ကယ်နှင့် မော်တော်ယာဉ် မှတ်ပုံတင်ခ၊ ယာဉ်စစ်ဆေးခများကို ငွေကျပ် ၁ သိန်းခွဲအထိ ၃ ဆအမြင့်ဆုံးမြှင့်တင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရှိရသည်။

•    အကြမ်းဖက်စစ်ကောင်စီ လေတပ်ကပြုလုပ်ဖို့ ရှိနေသည့် အာဆီယံလေတပ်အကြီး အကဲများ ညီလာခံကို အာဆီယံနိုင်ငံအများစုက တက်ရောက်ခြင်းမပြုရန်ဆုံးဖြတ်ထားကြောင်း Bangkok Post သတင်းတွင်ဖော်ပြချက်ထားသည်။

•    တနင်္သာရီတိုင်း မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဇဝဲလမ်းဆုံ စစ်ကောင်စီစစ် ဆေးရေးဂိတ်က ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

•    ပဲခူးတိုင်း ၊ ဖြူးမြို့နယ်တွင် ယမန်နေ့ စက်တင်ဘာ ၉ ရက်နေ့ နေ့လယ်ပိုင်းက အုတ်ဖြတ်ကျေးရွာ တံတား၌ တပ်စွဲထားသော စစ်ကောင်စီတပ် ရမ်းသန်းပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် လေးအိမ်စုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ငါးနှစ်အရွယ်ကလေးငယ်တဦးနှင့် ၎င်း၏ ဖခင်ဖြစ်သူတို့ သေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။

•    မြန်မာစစ်ကောင်စီသည် ရုရှားနိုင်ငံလုပ် Su-30 တိုက်လေယာဉ် နှစ်စင်းကို ပထမအသုတ်အဖြစ် လက်ခံရရှိထားပြီး ဖြစ်ကြောင်း စစ်ကောင်စီခန့် ဝန်ကြီးတဦးဖြစ်သည့် ဦးချာလီသန်းက ရုရှား RIA သတင်းအေဂျင်စီကို ပြောကြားခဲ့ပြီး အဆိုပါ မှတ်ချက်စကားများကို စက်တင်ဘာ ၁၀ ရက်တွင် ဖော်ပြသည်။

•    စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းရှိ လက္ကူကျေးရွာ ကို စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ခွဲခန့်တွင် စစ်ကောင်စီ၏ ခလရ(၂၈၅)တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်မှု ကြောင့် အသက် ၂၀ နှစ်ကျော်အမျိုးသားတဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

•    မန္တလေး ချမ်းအေးသာစံမြို့နယ်အတွင်းရှိ၊ လမ်း ၃၀၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြားက Honey ကုန်စုံဆိုင်(မုန့်လုပ်သည့်စက်ပစ္စည်းနှင့်အပို ပစ္စည်းမျိုးစုံ၊ မုန့်မျိုးစုံအရောင်းဆိုင်)နှင့် ၃၃ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြားက ဟွာထိုက်ကုန်စုံဆိုင်တို့ကို စက်တင်ဘာလ ၆ ရက်နေ့က စပြီး ယာယီ ပိတ် ခိုင်းခြင်းဖြစ်ကြောင်း မန္တလေးခရိုင်စီမံအုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူက အတည်ပြုသည်။

•    စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နောင်စိုး အပါအဝင် ညွန့်ချုပ်၊ညွန်မှုးများနှင့် စီးပွားရေးလုပ်ငန်းရှင် ၁၀၀ကျော်ကို စစ်ကောင်စီကဖမ်းဆီး လိုက်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များကပြောသည်။

•    ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့တွင် စစ်ကောင်စီတပ်က လက်နက် ကြီး ဖြင့်ပစ်ခတ်၍ ဆရာမနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကချင်ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောသည်။

•    စင်ကာပူနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် (NSSA) ရရှိသူများသာ စေလွှတ်တော့မည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

•    ကုန်ဈေးနှုန်းများကြီးမြင့်ရခြင်းမှာ နိုင်ငံတကာမှပိတ်ဆို့မှုများနှင့် ဝိသမလောဘ သားအချို့၏၎င်းတို့ ကိုယ်ကျိုးစီးပွားကိုသာကြည့်၍ လုပ်ဆောင်မှုများကြောင့်ဖြစ်သည်ကို တွေ့ရကြောင်း၊ ထိုသို့ဆောင် ရွက် နေသူများကို ထိုက်သင့်သည့် အရေးယူဆောင်ရွက် မှုများပြုလုပ်ခဲ့သဖြင့်ယခုအခါ ကုန်ဈေးနှုန်း မှာ ကျဆင်းလာပြီဖြစ်ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်ကပြောသည်။

စက်တင်ဘာ ၁၀ ရက် သုံးသပ်ချက်

•    စီးပွားရေးဝိသမာလောဘသမားများကို ဖမ်းဆီးလိုက်ပြီးဖြစ်၍ ကုန်ဈေးနှုန်းကျလာပြီဟု အကြမ်း ဖက်မင်းအောင်လှိုင်က ၎င်းတို့၏ တပ်ရင်းတပ်ဖွဲ့များတွင် လိုက်လံလိမ်လည် ပြော ဆိုနေ သည်။စစ်အုပ်စုအာဏာလုပ်ပြီးကတည်းက ကုန်ဈေးနှုန်း တက်နေသည်မှာ ယခုထက်တိုင် ဖြစ်သည်ကို ပြည်သူများ အသိဆုံးဖြစ်သည်။

•    ကရင်ပြည်နယ်နှင့်ပဲခူးအရှေ့အခြမ်းတွင် KNLA နှင့်PDF ပူးပေါင်းတပ်များမှ အကြမ်းဖက်စစ်တပ် စခန်းများ တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်လာနိုင်ပြီး နယ်မြေတစ်ခုလုံးကို စိုးမိုးထားနိုင် သည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required