စာသင်ကျောင်းတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရမှု တိုးလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ပြော (ရုပ်/သံ)

By KMN (မဇ္ဈိမ)
10 September 2023
စာသင်ကျောင်းတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရမှု တိုးလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ပြော (ရုပ်/သံ)

ကရင်ပြည်နယ်မှာရှိတဲ့ စာသင်ကျောင်းတွေအပေါ် စစ်ကောင်စီတပ်က ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ လေကြောင်းကနေ တိုက်ခိုက်တာတွေ ပိုများလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာကျ‌ရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ပညာရေးကို တိုက်ခိုက်ခြင်းမှ ကာကွယ်‌ရေးနေ့ မှာ ထုတ်ပြန်ပြောဆိုလိုက်တာပါ။

 မြန်မာပြည်အ‌ရှေ့တောင်ပိုင်း ကရင်ပြည်နယ်မှာရှိတဲ့ စာသင်ကျောင်းတွေဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့အထိ ၂၄ ကြိမ်အထက် တိုက်ခိုက်ခံထားရတယ်လို့ ဆိုပါတယ်။ 

အဲဒီအထဲမှာ စာသင်ကျောင်း အဆောက်အဦး ၃၇ လုံးကျော်ဟာ လုံးဝပျက်စီးခဲ့ရတယ်လို့လည်း ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၂၃ ဇန်နဝါရီလကနေ သြဂုတ်လကုန်အထိ ကလေးသူငယ်တွေ အပါအဝင် သေဆုံးသူ ၉၀ နီးပါးရှိနေပြီး ထိခိုက်ဒဏ်ရာရသူ ၂၃၀ နီးပါးရှိနေတယ်လို့ ကရင်လူ့အခွင့် အရေးအဖွဲ့ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

#ကရင်
#Mizzima
#စာသင်ကျောင်း
#KHRG

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly