စာအုန်းဆီဝယ်ယူခွင့်ရဖို့ တန်းစီနေကြရတဲ့ ပြည်သူများ

By မင်းထက် (မဇ္ဈိမ)
08 September 2023
စာအုန်းဆီဝယ်ယူခွင့်ရဖို့ တန်းစီနေကြရတဲ့ ပြည်သူများ

စားအုန်းဆီ ရည်ညွှန်းလက်ကားစျေးနှုန်း မြင့်တက်သွားတဲ့နောက် ဈေးကွက်ထဲမှာ စားအုန်းဆီကို လိုသလောက်ဝယ်ယူလို့ မရတဲ့အကြောင်း ဒေသခံတွေကပြောပါတယ်။

လတ်တလောဆီကို ရောင်းချပေးတဲ့ ဆိုင်တွေမှာလည်း အကန့်အသတ်နဲ့သာ ဝယ်ယူရတယ်လို့ ပြောပါတယ်။

စားအုန်းဆီကို လိုသလောက်ဝယ်ယူလို့မရတဲ့အကြောင်း ဧရာဝတီတိုင်း ပုသိမ်ဒေသခံတဦးကပြောပါတယ်။

စားအုန်းဆီ စျေးနှုန်းကြီးမြင့်ခြင်းက လက်လုပ်လက်စား ဒေသခံတွေအတွက် သိသိသာသာ အခက်ကြုံလာရတဲ့ အခြေအနေကို ဆိုက်ရောက် နေရတယ်လို့ ဆိုပါတယ်။

စားအုန်းဆီစျေးနှုန်းကြီးမြင့်ခြင်းကြောင့် ဆီကိုလျှော့စားနေရတဲ့အကြောင်း နောက်ထပ်ဒေသခံတဦးက ပြောပြပါတယ်။

သတင်း။ ။မင်းထက်

တင်ဆက်/ရုပ်သံတည်းဖြတ်။ ။ ရွှေနွယ်

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required