နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၇ စက်တင်ဘာ ၂၀၂၃)

By မဇ္ဈိမ 
07 September 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၇ စက်တင်ဘာ ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    အကြမ်းဖက်စစ်အုပ်စုက အလုံခြုံဆုံးဟု မှတ်ယူထားသည့် နေပြည်တော်တွင်ပင် စစ်ဗိုလ်ချုပ်များ မလုံခြုံမှုများ ခံစားနေရသည်အထိ PDF များ စွမ်းဆောင်နိုင်ပြီဖြစ်ပြီး များမကြာမီ စစ်ကောင်စီကို အပြီးသတ်ချေမှုန်းမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလက တိုင်းပြည်သို့ ယနေ့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။
•    ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၂၉၃ ရင်းအထိ စုဖွဲ့တည်ဆောက်ထား နိုင်ပြီဖြစ် ကြောင်း ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့်မြောက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသည်။
•    အကြမ်းဖက်စစ်တပ်ဘက်ကနေ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံမှုမှာ တစ်ဦးချင်း၊ တစ် ယောက်ချင်း မဟုတ်တော့ဘဲ တပ်ခွဲအဆင့် ၊ တပ်ရင်းအဆင့်လိုက် ဘက်ပြောင်းမှုများ ရှိလာနေ ပြီး အာဏာသိမ်းပြီးချိန်ကစ၍ ယနေ့အထိ ပြည်သူ့ရင်ခွင်ခိုလှုံသူ စစ်သား၊ ရဲသား အရေ အတွက်မှာ စိစစ်ပြီးနှင့် စိစစ်ဆဲ ပေါင်းပါက ၁၄၀၀၀ ကျော်အထိ ရှိထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ နှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေး နွေးပွဲအစည်းအဝေး (၃၀/၂၀၂၃)ကို စက်တင်ဘာ ၆ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
•    ပြည်သူကို အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်သား အယောက် ၁၈ ဦးကို တရက်တာအတွင်း တော်လှန်ရေးတပ်ဖွဲ့များက ပြည်သူ့ခုခံတော်လှန်စစ်အရ ရှင်းလင်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာန ထုတ်ပြန်သည်။
•    တခုတည်းသော ဗျူဟာ၊ အမိန့်ပေးမှုအောက်တွင် မဟာဗျူဟာ ထိုးစစ်ဆင်နိုင်ရေးပြင်ဆင်နေ သည်ဟု NUG ကာကွယ်ရေးက ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့်အထိမ်းအမှတ်တွင် ပြည်သူသို့ အသိပေးသည်။
•    နေပြည်တော်တွင် စစ်ကောင်စီက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံလေတပ် ကာကွယ် ရေးဦးစီးချုပ်များ ညီလာခံကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပါဝင်တက်ရောက်ခြင်းအား ဖျက်သိမ်းရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်လမ်းတွင် မိုင်းရှင်းရန်လာ သော စစ်ကောင်စီတပ်သားများ စီးနင်းလာသည့်ကားတစီး စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်း က မိုင်းဆွဲတိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း ၊ ယင်းမာမြို့နယ် ၊ ကျောက်ကုန်းကျေးရွာ အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထောင်စု လွတ်မြောက်ရေး တပ်ပေါင်းစု (ULF) ထံမှ သိရသည်။
•    ယင်းမာပင်မြို့နယ် ၊ ကျောက်ကုန်းရွာတိုက်ပွဲတွင်စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရခဲ့ပြီး လက်နက်ခဲယမ်များလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ပြည်ထောင် စုလွတ်မြောက်ရေး တပ်ပေါင်းစု(ULF)က ယနေ့ သတင်းထုတ်ပြန်သည်။
•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင် စစ်ဆေးရေးဂိတ် တွင် စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်ခတ်ခဲ့၍ ခရီးသည်တင်ယာဥ်ပေါ်ပါ ပြည်သူတစ်ဦးသေဆုံးပြီး ယာဥ်မောင်းဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိခဲ့ ကြောင်း သတင်းရရှိသည်။
•    ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။
•    မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ ကြောင်း ဒေသပြည်သူများနှင့် နွေဦးတော်လှန်ရေးမြိုင်မြို့ အဖွဲ့ထံမှ သိရသည်။
•    ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်ကျောင်းအတွင်း ကျောင်းသားတော်လှန်ရေးအင်အားစုအချို့က ဦးဆောင်၍ စစ်တပ်ထုတ်ကုန်များ သပိတ်မှောက်ရေးလှုပ်ရှားမှုကို ယနေ့ (စက်တင်ဘာ ၇) နံနက်က ပြုလုပ်ခဲ့ကြသည်။
•    မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာ ဒေသခံအမျိုးသား ဦးရေ ၇၀ ကျော်ကို စစ်ကောင်စီ တပ်က ဖမ်းဆီးထားသည့်အနက် ဦးရေ၂၀ ကျော်ကို ငါန်းဇွန်မြို့နယ်သို့ ခေါ်‌ဆောင်သွားပြီး ဆက်လက်စစ်ဆေးနေကြောင်း ‌‌ဒေသေခံများထံက သိရသည်။
•    ပဲခူးတိုင်း၊ ဖြူးမြို့ပေါ်ရှိ စစ်တပ် စခန်းများ ပစ်ခတ်ခံရမည်ကို စိုးရိမ်သောကြောင့် ဖြူး-ဘန်းလောင် လမ်းပိုင်းကို စစ်တပ်က ဘူဒိုဇာဖြင့် ဖျက်ဆီးသွားကြောင်း ဒေသခံပြည်သူများက ပြောသည်။
•    ရွှေကူမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ အစည်း အဝေး ပြုလုပ်နေချိန် ဒရုန်းဖြင့် ၂ ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ ဒေါက်တိုင် ထွေ/အုပ်ဝန်ထမ်း ၂ ဦးသေဆုံးခဲ့ ကြောင်း မြို့လှ K PDF တပ်ရင်း ထံမှ သိရသည်။
•    အကြမ်းဖက် စစ်ကောင်စီက စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင် ဒိမိုကရေစီ ပြန်လည် ထွန်းကားစေရေးနှင့် ဒီမိုကရေစီ လမ်းကြောင်း သို့ ပြန် လည် ရောက်ရှိရေး အမေရိကန်က ဆက်လက် ဖိအားပေးမည်ဖြစ်ကြောင်း အာဆီယံခေါင်းဆောင်များကို အမေရိကန် ဒုတိယသမ္မတ Kamala Harris က ပြောဆိုသည်။
•    ပိတ်ဆို့အရေးယူခံထားရသည့် မြန်မာဘဏ်များနှင့် လုပ်ငန်းများ မလုပ်ရန် ဘင်္ဂလားဒေ့ရှ်ဗဟို ဘဏ်က ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်များ
•    သျှမ်းပြည် မိုင်းပေါက်ခရိုင်၊ မိုင်းပေါက်မြို့နယ်အတွင်းသို့ တရားမဝင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင် နေ ကြသည့် တရုတ်လူမျိုးများကို “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) က ဖမ်းဆီးပြီး တရုတ်အစိုးရထံသို့ ပြန်လည် အပ်နှံလိုက်ကြောင်း သျှမ်းသတင်းတွင်ဖော်ထားသည်။
•    ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီး စစ်ကား ၁ စီးပျက်စီးကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ
•    မန္တလေးတိုင်း၊မြင်းခြံမြို့၊အမှတ်(၁)တိုးချဲ့ရပ်ကွက်တွင် ပျူစောထီးအဖွဲ့များအတွက် ရန်ပုံ‌ငွေဟု ဆိုကာ အုပ်ချုပ်ရေးမှူးနှင့် ပျူများက ဒေသခံများထံမှ ငွေကြေးတောင်းခံနေကြောင်း သိရသည်။
•    မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ပျူစောထီးကျေးရွာများကို ရိက္ခာပို့စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က သတ်ဖြတ်ထားသော အလောင်းတွေ့ရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရ သည်။
•    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် မီတာမဆောင်ပါက နေအိမ်များ၏မီတာပုံးများလာဖြုတ်မည်ဟု စစ်တပ်လက်အောက်ခံ လျှပ်စစ်ဌာနဝန်ထမ်းများက သတိပေးစာများလာဝေကြောင်း မြင်းခြံမြို့  ဒေသ ခံများထံမှသိရသည်။
•    ကရင်နီ(ကယား)ပြည်နယ်ရှိ မယ်စဲ့မြို့ ပြန်လည်ရရှိရေး စစ်ကောင်စီက အင်အားအလုံးအရင်း ဖြည့်တင်းနေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များ၏ပြောဆိုချက်ကို ကိုးကား၍ လူထုနွေဦးသတင်းတွင် ဖော်ပြထားသည်။
•    မန္တလေးတိုင်း မိုးကုတ်မြို့နယ် ကုန်မုံကျေးရွာကနေ ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းလုံသို့ ဆက်သွယ်ထားသည့်လမ်းကို စစ်ကောင်စီတပ်က ဒေသခံများကို ပိတ်ခိုင်းခဲ့ကြောင်း ရွှေဖီမြေ သတင်း တွင် ဖော်ပြထားသည်။
•    ရုရှား၊ တရုတ်၊ အိန္ဒိယနိုင်ငံများမှ ခရီးသွားများဝင်ရောက်လာရန်အတွက် ခရီးသွားဈေး ကွက်ရရှိ အောင် ကြိုးပမ်းရမည်ဖြစ်ကြောင်း စစ်ကောင်စီဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောသည်။
•    မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)၏ DTH Paltformတွင် ပုဂ္ဂလိက Free to Air ရုပ်သံလိုင်း များ ထုတ်လွှင့် ပြသရန် အဆိုပြုချက်တင်သွင်းထားသည့်အထဲက ကုမ္ပဏီလေးခုကို ရွေးချယ် လိုက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၆ ရက်ထုတ်စစ်ကောင်စီမှ ထုတ်ပြန်သည်။
•    စစ်ကောင်စီဒေါက်တိုင် စီးပွားရေးအဖွဲ့နှင့်ဖိလစ်ပိုင်နိုင်ငံတို့ စိုက်ပျိုးရေးနှင့်အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်း‌များတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများလုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီ စီးပွားရေး ဒေါက်တိုင်အဖွဲ့ဖြစ်သည့် ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။
•    ထိုင်းနိုင်ငံရောက် မြန်မာ MoU လုပ်သားအတွက် MoU/U-Turn စနစ်ဖြင့် ပြန်လည်ဝင်ရောက် နိုင်ရေးအတွက် မြဝတီနှင့် ကော့သောင်းမြို့တွေမှာ စက်တင်ဘာ ၁၁ ရက်နေ့မှစတင်လုပ် ပေးမည် ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးက ပြောသည်။
•    ကာကွယ်ရေးဝန်ကြီးဌာနက ဦးအောင်ဇော်လင်းကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး) ညွှန်ကြားရေးမှူးချုပ်အဖြစ် အစမ်းခန့်အပ်လိုက်ပြီး စသုံးလုံး ညွှန်ကြားရေးမှူးချုပ်အဖြစ် ဦးမောင်မောင်ကျော်အား ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီ သတင်းစာတွင်ဖော်ပြထားသည်။
•    
စက်တင်ဘာ ၇ ရက် သုံးသပ်ချက်
•    စစ်အုပ်စုသည် ၎င်းတို့၏ မြို့ပေါ်တပ်ရင်းများ အတိုက်မခံရအောင် အများပြည်သူသွားလာသည့် လမ်းများကို ဖျက်ဆီးကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ကိုတွေ့ရသည့်အတွက် ၂၀၂၁ခုနှစ်က စစ်ရေးအခြေအနေနှင့် ယခု ၂၀၂၃ ခုနှစ် စစ်ရေးအခြေအနေသည် များစွာ ပြောင်းလဲသွားသည်ကိုတွေ့ရသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး၏ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့် အထိမ်း အမှတ် မိန့်ခွန်းအရ နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များ မလုံခြုံမှုခံစားနေရသည်ဟု ဆိုထားသည့် အတွက် မကြာမီကာလအတွင်း စစ်ဗိုလ်ချုပ်များကိုယ်တိုင် ကောင်းကင်ကို တကြည့်ကြည့်ဖြစ် လာနိုင်ဖွယ်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly