မင်းကင်းမြို့ လျှပ်စစ်ရုံးတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေဆုံး၊ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိ

By လွှမ်းမိုး(မဇ္ဈိမ)
06 September 2023
မင်းကင်းမြို့ လျှပ်စစ်ရုံးတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေဆုံး၊ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့လျှပ်စစ်ရုံးမှာ အထိုင်ချတပ်စွဲထားတဲ့  စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်တွေက  တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ယမန်နေ့ စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီစစ်ဆင်ရေးအတွက် ငါးရက်ခန့် အချိန်ယူပြီး ကြိုတင်ပြင်ခဲ့ရတယ်လို့  ကျောင်းသားတော်လှန်ရေးတပ် (SRF) တပ်မှူး ဆရာစံက ပြောပါတယ်။

မင်းကင်းမြို့နယ်မှာ စစ်ကောင်စီတပ်အပြင် လက်နက်ကိုင်ဆောင်ထားကြတဲ့ ပျူစောထီးတွေဟာ ဒေသခံပြည်သူတွေကို အနိုင်ကျင့်ခြိမ်းခြောက်တာတွေ၊ လက်နက်ခဲယမ်းတရားမဝင်ရောင်းချတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဆရာစံက ပြောပါတယ်။ 

ရုပ်သံတင်ဆက်-လွှမ်းမိုး
ရုပ်သံတည်းဖြတ်-ဂျူချန်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required