အိန္ဒိယတွင် ဘုရားကျောင်း မီးလောင်၍ လူပေါင်း ၆၀ ကျော်သေဆုံး

အိန္ဒိယတွင် ဘုရားကျောင်း မီးလောင်၍ လူပေါင်း ၆၀ ကျော်သေဆုံး

အိန္ဒိယနိုင်ငံ ကာရာလာပြည်နယ် ပါရာဗာအရပ်ရှိ ပူတင်ဂယ်ဘုရားကျောင်း မီးလောင်မှုတွင် လူပေါင်း ၆၀ ကျော်သေဆုံးကြောင်း ရဲက ပြောသည်။

 

မီးလောင်မှုမှာ ဧပြီ ၁၀ နံနက်ပိုင်း ၃ နာရီခွဲခန့်တွင် လောင်ခြင်းဖြစ်သည်။ ယင်းဘုရားကျောင်းတွင် ပွဲတော်နောက်ဆုံးရက် ပျော်ပွဲရွှင်ပွဲများ ကျင်းပရန် အသင့်ထားရှိထားသည့် မီးရှုးမီးပန်းများ ထားရှိရာအခန်း ပေါက်ကွဲမှုမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ဌာနေသတင်းများတွင် ဖော်ပြသည်။

 

ဒဏ်ရာရသူပေါင်းမှာ ၂၀၀ ကျော်ထက်မနည်းရှိသည်။

 

ပြင်းပြင်းထန်ထန် မီးလောင်ဒဏ်ရာ ရရှိသူများပြီး ၎င်းတို့အား အနီးနားရှိ အစိုးရဆေးကျန်းမာရေးကောလိပ်သိပ္ပံသို့ တင်ထားကုသထားကြောင်း သတင်းတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags