ကျွန်းစုမြို့နယ်မှ ပျူစောထီးများလုပ်ကိုင်နေသည့် ခဲမိုင်းလုပ်ကွက်ကို ကာကွယ်ရေးအဖွဲ့ ဖျက်သိမ်း

By ကိုရွှေမြိတ်(မဇ္ဈိမ)
05 September 2023
ကျွန်းစုမြို့နယ်မှ ပျူစောထီးများလုပ်ကိုင်နေသည့် ခဲမိုင်းလုပ်ကွက်ကို ကာကွယ်ရေးအဖွဲ့ ဖျက်သိမ်း

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် ပျူစောထီးဆိုသူများလုပ်ကိုင်နေသည့် ခဲမိုင်းလုပ်ကွက်ကို စက်တင်ဘာလ ၃ ရက် မွန်းလွဲ ၁ နာရီခန့်က ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သွားရောက် ဖျက်ဆီးကာ ပစ္စည်းများကိုသိမ်းဆည်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သတိပေးတာမျိုးမလုပ်ဘဲ တခါတည်း သွားရောက်ဖျက်သိမ်းခဲ့တာဖြစ်တယ်။ ဘာကြောင့် လည်းဆိုတော့ ပြည်သူတွေဆီက မတရားသိမ်းဆည်းထားတဲ့ လုပ်ကွက်လည်းဖြစ်၊ ပျူစောထီးအဖွဲ့ဝင် တွေရဲ့ မိုင်းလုပ်ကွက်လည်းဖြစ်တော့ ဖျက်သိမ်းရတာမျိုးပါ”ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုငါးမန်းကပြောသည်။

ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စုရှိ ယမုံကျေးရွာနှင့် ပဲ့တိုင်ကျေးရွာတို့မှ ခဲမိုင်းလုပ်ကွက်များသည် ယခင်က ဒေသခံများ၏လုပ်ကွက်များဖြစ်ပြီး အာဏာသိမ်းပြီးနောက် သိမ်းဆည်းခံခဲ့ရကာ ပျူစောထီး ခေါင်းဆောင်ဆိုသူ ဦးကြည်လှနှင့် ပျူစောထီးအဖွဲ့ဝင်ဟု နာမည်ထွက်နေသူ ဦးစိုးမင်းတို့က ပူးတွဲလုပ် ကိုင်နေကြခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့် ဆက်နွှယ်နေသော ထောက်တိုင်များကို ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

ရုပ်သံအညွှန်း-ကာကွယ်ရေးအဖွဲ့ ခဲမိုင်းလုပ်ကွက်ကိုဖျက်သိမ်းနေစဉ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required