အာဏာသိမ်း စစ်ကောင်စီတပ် ခလရ (၂၇၅) တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကောင်စီ အရာရှိတွေ သေဆုံးသွားတဲ့ မြဝတီခရိုင်ရဲရုံးကို တိုက်ခိုက်တဲ့ ဒရုန်းစစ်ဆင်ရေးလိုမျိုး ထပ်လာဖို့ ရှိတယ်လို့ ကော်ဘရာ စစ်ကြောင်းရဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုနေမင်းထွန်းက မဇ္ဈိမကို ပြောပါတယ်။
ဒရုန်းတွေဟာ စစ်ကောင်စီအတွက် "လုံးဝ အိမ်မက်ဆိုး" ဖြစ်ပြီး Federal Wings ဒရုန်းတပ်ဖွဲ့ဝင်တွေဟာလည်း အချိန်မရွေး တိုက်ပွဲဝင်နိုင်အောင် အမြဲတမ်းအသင့်အနေအထား ပြင်ဆင်ထားတယ်လို့လည်း သူက ပြောပါတယ်။
မြဝတီမြို့ပေါ်က ခရိုင်ရဲရုံး တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ် အပါအဝင် ရှေ့ဆက်ဒရုန်းစစ်ဆင်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကော်ဘရာ စစ်ကြောင်းရဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုနေမင်းထွန်းကို နောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။