ကြာအင်းဆိပ်ကြီးမြို့နယ်ကို  စစ်ကောင်စီက လေကြောင်းမှသာ ရိက္ခာထောက်ပို့နိုင်

By YT (မဇ္ဈိမ)
03 September 2023
ကြာအင်းဆိပ်ကြီးမြို့နယ်ကို  စစ်ကောင်စီက လေကြောင်းမှသာ ရိက္ခာထောက်ပို့နိုင်
ပုံအညွှန်း- Cloud Wings တပ်ဖွဲ့​ ဒရုန်းစစ်ဆင်ရေးအတွက် ပြင်ဆင်နေပုံ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီသည် လေကြောင်းမှသာ ခလရ (၃၂)သို့ လက်နက်နှင့် စားနပ်ရိက္ခာထောက်ပို့ခြင်းများပြုလုပ်နေသည်ဟု ကာကွယ်ရေးတပ်ထံမှ သိရသည်။

“ဒီဘက်ခွင်က သူတို့ မြေပြင်ကနေ ထောက်ပို့လုပ်လို့ မရတော့ဘူး။ အရှေ့တောင်တိုင်းစစ်ဌာနချုပ် မော်လမြိုင်ကနေကြာအင်းဆိပ်ကြီးကို ထောက်ပို့လုပ်ရင် လမ်းပိုင်းတွေ မထိန်းချုပ်နိုင်တဲ့အတွက် ကား တွေနဲ့ မလာရဲတော့တာ” ဟု Cloud Wings တပ်ဖွဲ့ မှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
 
စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခလရ(၃၂)သို့ ရိက္ခာလာပို့ သည့် စစ်ကောင်စီ၏ ရဟတ်ယာဉ်နှစ်စီးကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ပြောသည်။

ရိက္ခာများ လာရောက်ပို့ဆောင်သည့် စစ်ကောင်စီတပ်၏ Mi 35 ရဟတ်ယာဉ်တစီးနှင့် Mi 17 ရဟတ်ယာဉ် တစီးအား တပ်မဟာ (၆) KNLA ၊ Cloud Wings ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုရှိခဲ့သော်လည်း ကာကွယ် ရေးတပ်ဖွဲ့ဘက်တွင် ထိခိုက်မှုမရှိကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ စစ်ကောင်စီလက်အောက်ခံ တပ်ရင်း၊ တပ်စခန်းများ၊ အစိုးရရုံးများ မကြာခဏတိုက်ခိုက်ခံရလေ့ရှိပြီး တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ဝင်များက ဂိတ်စခန်းများ ဖွင့်ကာ လုံခြုံရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

စာတည်း ။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly