ငှက်များ

ငှက်များ

နားခိုစရာမရှိအောင် လုပ်ထားတဲ့နေရာမှာ
သူတို့
နားခိုနိုင်ခဲ့ကြတယ်
မပျံသန်းနိုင်အောင် အတောင်ပံတွေ ဖြတ်ထားတဲ့ကြားက
ပျံသန်းခြင်းအနုပညာကို သင်ယူလို့ ရခဲ့ကြတယ်
မိုးတွေရွာနေတာကို ငေးကြည့်ရင်း
မိုးတွေလည်း ရွာပစ်လိုက်ကြတယ်
လမ်းတွေပေါ်မှာ လျှောက်လာတဲ့ကဗျာတွေက စည်းချက်ညီလွန်းတယ်

သီချင်းသံတွေက ခြေသံဟိန်းလွန်းတယ်
တိုက်လေယာဉ်တွေကို
ကြားဖြတ် ဟန့်တား တိုက်ခိုက်ဖို့
ချိုးငှက်တွေ
အုပ်ဖွဲ့ပျံသန်းလေ့ကျင့်ခဲ့ကြတယ်
နေရာတိုင်း နေရာတိုင်းမှာ
မာဂဓဘာသာကျောင်းတွေ

မိုးဦးကျမှိုတွေလို အလိုလို ပေါ်လာခဲ့တယ်
အဲဒီကျောင်းတော်ကြီးတွေမှာတော့
မင်းတို့ဟာ ဌာနကြီးမှူးတွေပဲ
သူများကိုကယ်တင်ခြင်းဟာ
ကိုယ့်ကိုယ်ကို ကယ်တင်ခြင်းလည်း မည်ပါလိမ့်မယ်
သူများကိုလွတ်မြောက်ဖို့ သင်တို့ လွတ်မြောက်နေခဲ့ကြရတယ်
တကယ်တော့
ဒီတောအုပ်ဟာ
အနံ့ပြင်းတဲ့ လှောင်အိမ်တစ်ခုပါပဲ
ဒီကနေ့ သိုမဟုတ် မနက်ဖြန်မှာတော့

သော့ခလောက်သံ တချွင်ချွင်အစား
ချိုးကူသံတွေ
တောအုပ်တစ်ခုလုံး ညံရော့မယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly