တောင်တရုတ်ပင်လယ်တွင် ရေပိုင်နက်တိုးချဲ့ကာ ပိုင်နက်ပြုထားသော တရုတ်၏ စံမြေပုံသစ်ကို ဖိလစ်ပိုင်က အသိအမှတ်မပြုကြောင်း နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနအရ သိရသည်။
“ဖိလစ်ပိုင်ရဲ့ ရေပိုင်နက်ဇုန်မှာ တရုတ်ရဲ့ ရည်ရွယ်ချက် ရှိရှိ အချုပ်အခြာ ပိုင်ဆိုင်ကြောင်း တရားဝင် ဖြစ်စေဖို့ ခုလို နောက်ဆုံး ကြိုးပမ်းမှုဟာ နိုင်ငံတကာဥပဒေနဲ့ မညီညွတ်ဘူး၊ အထူးသဖြင့် ၁၉၈၂ ပင်လယ်ဥပဒေဆိုင်ရာ ကုလသမဂ္ဂစာချုပ် (Unclo) နဲ့ မညီညွတ်ဘူး”ဟု ဖိလစ်ပိုင်က ကြာသပတေးနေ့ ထုတ်ပြန်ချက်၌ ဆိုသည်။
ဆာဘတ်ရှ်နှင့် ဆာရာဝတ်ပြည်နယ် ကမ်းလွန်ရေပြင်များ အပါအဝင် တရုတ်၏ တဖက်သတ် ပိုင်နက်ပြုမှုကို အသိအမှတ်ပြုရန် မလေးရှားက ဗုဒ္ဓဟူးနေ့တွင် အလားတူ ငြင်းဆန်ခဲ့ပြီးနောက် ဖိလစ်ပိုင်ကလည်း ငြင်းပယ်လာခြင်း ဖြစ်သည်။
တရုတ်အနေဖြင့် “တာဝန်သိတတ်စွာ ဆောင်ရွက်ရန်” နှင့် Unclos အောက်က တာဝန်ဝတ္တရားများကို လိုက်နာရန် ဖိလစ်ပိုင်က တိုက်တွန်းသည်။
တရုတ်၏ ရေပြင်မြေပုံသစ်တွင် တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို ၎င်း၏ ပိုင်နက်အဖြစ် အတည်ပြုထားခြင်း ဖြစ်သည်။
(မိုးသဲ ဘာသာပြန်သည်။)