ယင်းမာပင်၊အင်းဖျားရွာအနီးတိုက်ပွဲ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ PDF ရရှိ

By လွှမ်းမိုး (မဇ္ဈိမ)
30 August 2023
ယင်းမာပင်၊အင်းဖျားရွာအနီးတိုက်ပွဲ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်၊ အင်းဖျားကျေးရွာအနီးမှာ ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ရှေ့ပြေးကင်းထောက်တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးပြီး လက််နက်ခဲယမ်းတွေ သိမ်းဆည်းန်ိုင်ခဲ့တယ်လို့ ULF တပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်နေချိန်မှာ စစ်ကောင်စီက အောင်ဇေယျတပ်ကုန်းကနေ လက်နက်ကြီး ၁၀လုံးထက်မနည်း ပစ်ကူပေးခဲ့ပြီး လက်ရှိမှာ ကနီ၊ ယင်းမာပင် မြို့နယ်အစပ်ကို  စစ်ကြောင်းထိုးနေတာကြောင့် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

ရုပ်သံတည်းဖြတ်-ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly