ထိုင်းရောက်မြန်မာလုပ်သားတွေ အလုပ်လုပ်ခွင့်သက်တမ်း မြဝတီနဲ့ကော့သောင်းမှာတိုးနိုင်မယ်

By မိုးသောက် မဲဆောက်(မဇ္ဈိမ)
30 August 2023
ထိုင်းရောက်မြန်မာလုပ်သားတွေ အလုပ်လုပ်ခွင့်သက်တမ်း မြဝတီနဲ့ကော့သောင်းမှာတိုးနိုင်မယ်

နိုင်ငံကူးလက်မှတ်သက်တမ်း နှစ်နှစ်အထက် ကျန်နေသေးပြီး  MOU စနစ်နဲ့ အလုပ်လုပ်နေကြတဲ့ မြန်မာလုပ်သားတွေ အလုပ်လုပ်ခွင့်သက်တမ်းကို မြဝတီနဲ့ကော့သောင်းမြို့မှာ တိုးပေးမယ်လို့  ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးက ဩဂုတ်လ ၂၆ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမှာ အလုပ်ကိုင်ရှားပါးမှုပြဿနာကို ရင်ဆိုင်ရနေကြရတာကြောင့် မြန်မာလူငယ်တွေဟာ ပြည်ပနိုင်ငံတွေကိုနည်းမျိုးစုံနဲ့ ထွက်ပြီး အလုပ်လုပ်ကိုင်နေကြရပါတယ်။အိမ်နီးချင်းထိုင်းနိုင်ငံဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအများဆုံးသွားရောက်လုပ်ကိုင်ကြတဲ့ နိုင်ငံတခုဖြစ်ပါတယ်။

တည်းဖြတ်/တင်ဆက်- မိုးသောက်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly