အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေတဲ့ ကနီမြို့နယ်က စစ်ဘေးရှောင်များ (ရုပ်သံ)

By လွှမ်းမိုး (မဇ္ဈိမ)
28 August 2023
အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေတဲ့ ကနီမြို့နယ်က စစ်ဘေးရှောင်များ (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေ စစ်ရှောင်နေကြရပြီး ရက်ကြာလာတဲ့အတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်တွေ က ပြောပါတယ်။

ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး ကျောက်ကုန်းကျေးရွာမှာတပ်စွဲနေတဲ့အတွက် ဒေသခံ သောင်းနဲ့ချီ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ရက်ရှည်လာချိန်မှာ နေရေးထိုင်ရေး၊ အစားအသောက်နဲ့ ကျန်းမာရေးစောင့် ရှောက်မှုအတွက် အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

သတင်း-လွှမ်းမိုး
ရုပ်သံတည်းဖြတ်-ဂျူချန်း

#ကနီမြို့နယ်
#စစ်ဘေးရှောင်
#ကျန်းမာရေး
#ပညာရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly