တယောသမား ၄၀ နဲ့ “ကြယ်” သီချင်းကို ပုံဖော်သူ တယောဖိုးစံနှင့် တွေ့ဆုံမေးမြန်းခြင်း

By ဂန္ဒမာ (မဇ္ဈိမ)
28 August 2023
တယောသမား ၄၀ နဲ့ “ကြယ်” သီချင်းကို ပုံဖော်သူ တယောဖိုးစံနှင့် တွေ့ဆုံမေးမြန်းခြင်း

နွေဦးတော်လှန်ရေးကို ထင်ဟပ်ပြသနိုင်စေမည့် “ကြယ်” သီချင်းအား တယောသမား ၄၀ ကျော်ဖြင့် တယောအော်ဂတ်စထရာပုံစံ ပြန်လည်တီးခတ်ထားသည့် music video ကို ယနေ့ ဩဂုတ်လ ၂၈ ရက် နံနက် ၉ နာရီက Padaythar P2P YouTube Channel တွင် တင်ဆက်ထားကြောင်း သိရသည်။

အဆိုပါ သီချင်းကို ထိုင်းနိုင်ငံ၊ နယ်စပ်မြို့တနေရာသို့ မြန်မာပြည်၏ နိုင်ငံရေးအခြေအနေ၊ မြန်မာစစ်တပ် ၏ အကြမ်းဖက်မှုများကြောင့် ပြောင်းရွှေ့ခိုလှုံနေထိုင်နေရသူများထဲမှ တယောသမားများကို စုစည်းကာ ရိုက်ကူးထားခြင်းဖြစ်သည်။
ရိုက်ကူးတင်ဆက်မှုများကို ပဒေသာပင်နှင့် တော်လှန်ရေးနယ်ပယ်မှ ညီအစ်ကိုမောင်နှမများက နိုင်ရာ ဘက်မှ စုပေါင်းအားဖြည့်ထားပြီး တယောအော်ဂတ်စထရာဖြင့် “ကြယ်” သီချင်းအား ပြန်လည်ပုံဖော်သူ တယော ဖိုးစံနှင့် Mizzima က တွေ့ဆုံမေးမြန်းထားသည်။

မေးမြန်း၊ ရိုက်ကူး - ဂန္ဒမာ
တည်းဖြတ် - ကိုဖိုးသား

#ကြယ်
#တယောဖိုးစံ
#ပဒေသာပင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly