စစ်ကိုင်းတိုင်းမှာ လေကြောင်းအန္တရာယ် အသိပညာပေး(ရုပ်၊သံ)

By KMN (မဇ္ဈိမ)
28 August 2023
စစ်ကိုင်းတိုင်းမှာ လေကြောင်းအန္တရာယ် အသိပညာပေး(ရုပ်၊သံ)

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းဝင်ရောက်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေ များလာ တာကြောင့်  လေကြောင်းအန္တရာယ်အသိပညာပေးမှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံ မြေပြင်သပိတ် အင်အားစုတွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ လူထုလူထု နိုင်ငံရေးဟောပြောပွဲတွေပြုလုပ်နေပြီး  ကလေးသူငယ်တွေနဲ့ ရပ်ရွာလူထုကို လေကြောင်းအန္တရာယ် အသိပညာပေးမှုတွေလည်းပြုလုပ်နေတယ် လို့ ရွာပေါင်းစုံသပိတ်ဦးဆောင်သူတဦးကပြောပါတယ်။

ဝက်လက်မြို့နယ်မှာလည်း လေကြောင်းအန္တရာယ် အသိပညာပေးမှုတွေဆက်လုပ်ဖို့ရှိတယ်လို့ မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်က ပြောပါတယ်။

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly