စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ အချိန်တစ်ခုရောက်လာချိန်မှာအကျိုးသက် ရောက်မှုသိသိသာသာမြင့်မားလာခဲ့ပြီဖြစ်ပါတယ်။
အစပိုင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအစုလိုက်အပြုံလိုက် ထွက်ခွာသွားတာဟာ မသိသာခဲ့ပေမယ့် အချိန်ကြာလာတဲ့အခါနိုင်ငံရဲ့ထုတ်ကုန်တန်ဖိုးကျဆင်းလာခဲ့သလို နိုင်ငံ ခြားငွေရရှိမှုလည်း သိသိသာသာ ထိုးကျသွားခဲ့တာတွေ့ရပါတယ်။
ဒါကို အာဏာသိမ်းစစ်ကောင်စီဟာ နည်းလမ်း အမျိုးမျိုးနဲ့ သူတို့ရဲ့လက်တစ်ဆုပ်စာမဟာမိတ်တွေအကူအညီနဲ့ ဟန်မပျက်ဆက်လက်ရပ်တည်နိုင်ဖို့ ကြိုးစားနေ ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့တိုင်းပြည်တစ်ခုလုံးရဲ့ စီးပွားရေးအခြေအနေတွေ ချွတ်ခြုံကျလာချိန်မှာ စစ်ကောင်စီရဲ့ မနိုင်ဝန်တွေကိုတရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့လည်း ဝင်မထမ်းပေးနိုင်တဲ့အခြေအနေမျိုးရောက်လာခဲ့ပြီဖြစ်ပါတယ်။