စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ ဦးပိုင်ကုမ္ပဏီနှင့် ကြေးနီထုတ်လုပ်နေသော တရုတ်ကုမ္ပဏီများ အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် ပြုလုပ်ကြသည်ဟု သိရသည်။
လူထုသပိတ်စစ်ကြောင်းသည် “ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲလုပ်နေတာ ချက်ခြင်းရပ်” ၊ “မြန်မာ - ယန်စီ အလိုမရှိ” ၊ “မြန်မာ - ဝမ်ပေါင် အလိုမရှိ” စာတမ်းများကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြ ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ယနေ့သည် (၈၈၉) ရက်မြောက် ချီတက်ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ