နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၇ ဩဂုတ် ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၇ ဩဂုတ် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    ပြည်သူကို အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်သား အယောက် ၃၈ ဦးကို တရက်တာအတွင်း တော်လှန်ရေးတပ်ဖွဲ့များက ပြည်သူ့ခုခံတော်လှန်စစ်အရ ရှင်းလင်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန ထုတ်ပြန်သည်။

•    အမျိုးသားညီညွတ်ရေး အစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန လက် အောက်ရှိ ပြည်သူ့ ကာကွယ်ရေး တပ်မတော် တော်ဝင်ဒေါင်းစစ် ကြောင်းက ပဲခူးတိုင်းအတွင်းရှိ ရပ်ရွာလူထုအား လေးကြောင်း အန္တရာယ်၊ လက်နက်ကြီး အန္တရာယ် ၊မြေမြုပ်မိုင်းအန္တရာယ်တို့နှင့် ပက်သတ်သည့်အရေးကြီးသည့် ရှောင်ရန်၊ ဆောင်ရန်များ ၊ လိုက်နာသင့်တာများကို အသိပညာပေး အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃/၄/၅/၆ တို့က ဗိုလ်နဂါး ဦးဆောင်သည့် မြန်မာ့ တော်ဝင်နဂါးတပ်တော် (MRDA)၏  ဦးဆောင်မှုနောက်ကို မလိုက်ပါလိုသည့်အတွက် ဗိုလ်နဂါးဦး ဆောင်ဝယ်ယူ ခဲ့သည့် လက်နက်ခဲယမ်းတွေ၊ စစ်သုံးပစ္စည်းများအားလုံးကို ဗိုလ်နဂါးထံကို ပြန်အပ် ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်မှာ ဆက်လက် ရပ်တည်မည်ဟု ထုတ်ပြန်သည်။

•    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ COC အောက် ပြန်ရောက်သွားသည့်ကိစ္စ ၎င်းတို့၏ တော်လှန်ရေးတပ်မတော်အတွက် “အားလျှော့သွားခြင်း မဟုတ်” သည့်အပြင် “ဒွိဟမပွားကြရန်”လည်း ဗိုလ်နဂါးက ပြောကြားလိုက်သည်။

•    စစ်ကောင်စီတပ် ဗိုလ်ချုပ်များက အတင်းအကျပ် ဖိအားပေးထိုးစစ်ဆင်ခိုင်းနေသော်လည်း အောက်ခြေ စစ်မြေပြင်တွင် စစ်ရေးအထိနာကာ ကျဆုံးမှု များလာ၍ စစ်ရေးအမိန့်ဖီဆန်ခြင်း၊ တပ်ပျက်ထွက်ပြေးခြင်း များလာသည်ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က သြဂုတ်လ ၂၆ ရက်က ထုတ်ပြန်ထားသည်။

•    မြန်မာနိုင်ငံရှိ တီမောသံရုံးဝန်ထမ်းများ စက်တင်ဘာ ၁ ရက်နောက်ဆုံးထားထွက်ခွာရန် စစ်ကောင်စီ အမိန့်ပေးထားသည်ဟု NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

•    အလယ်ပိုင်းတိုင်း တော်လှန်ရေး မဟာမိတ်များ တပ်ပေါင်းစု၏ စစ်သင်တန်းဆင်းပွဲကို သြဂုတ်လ ၂၇ ရက်နေ့တွင် တောတွင်း တစ်နေရာရှိ ဗဟိုဌာနချုပ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

•    စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်နှင့် ထန်းကုန်းတိုက်နယ်အတွင်းရှိ စစ်ဘေးရှောင် ကလေးငယ်များတွင် အရေပြားရောဂါ လက္ခဏာ အဖြစ်များနေသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)က သြဂုတ်လ ၂၅ရက်တွင် သတင်းထုတ်ပြန်သည်။

•    စစ်ကိုင်းတိုင်း သြဂုတ် ၂၇ ရက်နေ့တွင် ကောက်စိုက် တောင်သူများသည် "NUG အစိုး ဒို့အစိုးရ၊ စစ်အာဏာရှင်စနစ် အလိုမရှိ၊ စစ်အာဏာရှင်တွေ ကျဆုံးပါစေ၊ အညာဖက်ဒရယ် အောင်ရမည်" ဟု ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

•    စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၁၅ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရန်ကုန်ခေတ်သစ် သတင်းတွင် ဖော်ပြထားသည်။

•    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဒါန်းတိုကျေးရွာကို စစ်တပ်က ပစ်ခတ် ဝင် ရောက် စီးနင်းပြီး ရိက္ခာနှင့် တန်ဖိုးရှိ ပစ္စည်းများကို လုယက်သွားကြောင်း ဒေသ ပြည်သူများက ပြောဆိုကြသည်။

•    ပြည်သူများအနေဖြင့် စစ်ကောင်စီကထုတ်ဝေမည့် ကျပ်နှစ်သောင်းတန် တရားမဝင် ငွေစက္ကူကို မသုံးစွဲခြင်းဖြင့် စစ်ကောင်စီကို ဖြိုချနေသည့် ဘဏ္ဍာရေးတိုက်ပွဲတွင် တက်ညီလက်ညီပူးပေါင်းပါ ဝင်ကြပါရန် ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံသည်။

•    ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းမပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ပြည်ခိုင်ဖြိုးပါတီရုံး အနီးတွင် ယမန်နေ့ညက ဗုံးပေါက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

•    မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ၏ သတင်းလာစုံစမ်းသည့် စစ်ကောင်စီ၏ စစ်ဗိုလ်နှင့်ပျူစောထီး လေးဦးအား ဖမ်းဆီးရာ ထွက်ပြေး ရန်ကြိုးပမ်းသဖြင့် ပစ်ခတ်ရှင်းလင်းရာ ပျူ နှစ်ဦးသေဆုံးပြီး စစ်ဗိုလ်နှစ်ဦး ဒဏ်ရာများဖြင့် ထွက်ပြေးသွားကြောင်း Wundwin Township Revolution Force-WTRF အဖွဲ့တာဝန်ရှိသူက ပြောသည်။

•    တောင်ကိုရီးယားနိုင်ငံ၊ အူဆန်မြို့တွင် မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှု အလို မရှိ ဆန့်ကျင်ကြောင်း ကိုရီးယား- မြန်မာပူးပေါင်းဆန္ဒပြပွဲကို ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

•    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အဝင်၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများနှင့် ကော့နွဲ့ကျေးရွာ ရှိ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦး ခန့်သေဆုံးခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

•    ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖာမူကျေးရွာတွင်ရှိသည့် စစ်ကောင်စီ လက် အောက် ခံ ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းထားသည့် ပအိုဝ်းအမျိုးသားတပ် (PNO/PNA) ခေါင်း ဆောင်တဦး၏ နေအိမ်မှ ကျည်ဆန်အတောင့် ၅၀၀ ၊ငွေကျပ် သိန်း ၉၀ သိမ်းဆည်းရရှိခဲ့ ကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂) တာဝန်ရှိသူထံမှ သိရသည်။

•    ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် ယမန်နေ့ ဩဂုတ် ၂၆ရက်က ချင်းဒေသ ကာကွယ်ရေးတပ် (CDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံက လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။

စစ်ကောင်စီ

•    မြန်မာနိုင်ငံမှာရှိသည့် အရှေ့တီမောသံရုံးက ဝန်ထမ်းများ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး နိုင်ငံထဲမှ ထွက်သွားရန် အကြမ်းဖက်စစ်ကောင်စီက ကြေညာထားကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။

•    မြန်မာနိုင်ငံ ရန်ကုန်မြို့အခြေစိုက် တီမောလက်စ်တေနိုင်ငံသံရုံးတာဝန်ခံနှင့်အဖွဲ့ဝင်များအားလုံးကို မြန်မာနိုင်ငံမှ စက်တင်ဘာ (၁)ရက်နေ့ နောက်ဆုံးထား အပြီးထွက်ခွာပေးရန် အကြောင်းကြားထား ကြောင်းစစ်ကောင်စီ ပြောခွင့်ရဇော်မင်းထွန်းက တရားဝင်ပြောဆိုသည်။ 

•    ပုသိမ်အကျဥ်းထောင် အကြမ်းဖက်ခံရမှုဖြစ်စဥ်တွင် သေလုမျောပါးရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေး အကျဥ်းသား ၃၃ ဦးကို စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်များက တရားစွဲဆိုလိုက် သည်ဟု နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုများထံက သိရသည်။

•    ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာ အနီးဝန်းကျင်တောတောင်များ သို့ စစ်ကောင်စီအင်အား ၂၀၀ ခန့်ဖြင့်စစ်ကြောင်းထိုးနေကြောင်း ရွာငံမြို့နယ်ပြည်သူ့ ကာကွယ် ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

•    ရှမ်းပြည်နယ်တွင်နေထိုင်သောတိုင်းရင်းသား များထံမှ တိုင်းရင်းသားများအတွက်ရပ်ရွာ အခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်းများကောက်ယူခဲ့ကြောင်းအကြမ်းဖက် စစ်ကောင်စီ၏ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှသိရသည်။

•    မန္တလေးတိုင်းဒေသကြီး စည်ပင်နယ်နိမိတ်အတွင်းက မြို့နယ်ခြောက်မြို့နယ်အတွင်း စည်းကမ်းမဲ့ ရပ်နားထားသည့် တွဲကားများကို အဖွဲ့စုံနဲ့ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ မန္တလေးမြို့ တော်စည်ပင်သာယာရေးကော် မတီ အခွန်ဌာန၏ အချက်အလက်ကို အခြေခံ၍ Sky Net One News သတင်းတွင်ဖော်ပြထားသည်။

ဩဂုတ် ၂၇ ရက် သုံးသပ်ချက်

•    စစ်ကောင်စီသည် ၎င်းတို့ကိုအသိအမှတ်မပြုဘဲ NUG ကိုတရားဝင်ဆက်ဆံသည့် တီမောနိုင်ငံ၏ ရန်ကုန်အခြေစိုက် တီမောသံရုံးတာဝန်ခံနှင့် အဖွဲ့ဝင်အားလုံးကို မောင်းထုတ်သည်အထိ ရမ်းကားနေသည်ကိုတွေ့ရသည်။တခြားအာဆီယံနိုင်ငံများမှလည်း တီမောနိုင်ငံကဲ့သို့ NUGနှင့်တရားဝင်ဆက်ဆံလျှင် ယင်းကဲ့သို့ စစ်ကောင်စီ ရမ်းကားနိုင်မည်မဟုတ်ပေ။

•    တော်လှန်ရေးအားကောင်းလာသလို တော်လှန်ရေးအဖွဲ့ဝင်များကြား သပ်လျှိုသွေးခွဲမှုများ အပါ အဝင် အာဏာယစ်မူးမှုများရှိလာနိုင်သည့်အတွက် တော်လှန်ရေးအဖွဲ့များအားလုံး အဂတိ ကင်း ကင်းဖြင့် အာဏာရှင်အကျင့်ဆိုးကို နိုင်ငံအတွင်း ပပျောက်သွားသည်ထိ ညီညီညွတ် ညွတ်ဖြင့် ရှေ့ဆက်သွားရန် လိုအပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required