လက်ခတ်တောင်ကို သာသနာ့နယ်မြေအဖြစ် သတ်မှတ်ပြီး စစ်စခန်းအဖြစ် အသုံးမပြုရင် ကော်ဘရာစစ်ကြောင်းက တပ်ရုပ်ပေးမယ်

လက်ခတ်တောင်ကို သာသနာ့နယ်မြေအဖြစ် သတ်မှတ်ပြီး စစ်စခန်းအဖြစ် အသုံးမပြုရင် ကော်ဘရာစစ်ကြောင်းက တပ်ရုပ်ပေးမယ်

ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်သိမ်းယူခဲ့တဲ့ လက်ခတ်တောင်ကို  သာသနာ့နယ်မြေအဖြစ် သတ်မှတ်ပြီး စစ်စခန်းအဖြစ် အသုံးမပြုရင် တပ်ပြန်ရုပ်ပေးမယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြောပါတယ်။ 

လက်ခတ်တောင်မှာ စစ်ကောင်စီတပ်နဲ့ BGF တို့ ပူးတွဲပြီး စစ်စခန်းအဖြစ် အထိုင်ချခဲ့တာပါ။ အဲ့ဒီတာဝါတိုင်စခန်းကုန်းက ပေ၁၀၀ ကျော် အကျယ်အဝန်းသာရှိပြီး စခန်းအပြင်ဘက်က လက်ခတ်တောင်ဘုရား ပုရဝဏ်ကိုပါ စစ်ကောင်စီတပ်က စစ်စခန်းအဖြစ် အသုံးပြုခဲ့ပါတယ်။ အဲ့ဒီစခန်းကို ဇူလိုင်လ၂၁ရက်က  တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းနဲ့ ကျားသစ်နက်စစ်ကြောင်းတို့က  တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။  

စခန်းသိမ်းပြီး တလကျော်အတွင်း စစ်ကောင်စီတပ်က ၁၀ ကြိမ် ကျော်အထိ ကျည်းကြောင်း၊ လေကြောင်းနဲ့  တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီဘက်က အယောက် ၆၀ကျော် ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ပါတယ် ။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ BGFဘက်က  ဒုတပ်ကြပ် အပါအဝင် သုံးဦး လက်နက်နှင့်အတူ လာရောက်ပူးပေါင်းခဲ့ပါတယ်။  ဩဂုတ်လ၂၆ရက်က လက်ခတ်တောင်ပေါ်က တာဝါတိုင်စခန်းကုန်းမှာ ကော်ဘရာစစ်ကြောင်းက ကရင့်အမျိုးသားအစည်းအရုံး(KNU)အလံကို လွှင့်ထူခဲ့ပါတယ်။

ရိုက်ကူး/တင်ဆက် - ဟန်ထူးဇော်
တည်းဖြတ်-ရွှေနွယ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly