နို်င်ငံခြားရင်းနှီးမြှပ်နှံမှုများ ဝင်လာရန်ကြိုးပမ်းမည်

နို်င်ငံခြားရင်းနှီးမြှပ်နှံမှုများ ဝင်လာရန်ကြိုးပမ်းမည်
ဓာတ်ပုံ-မျိုးသူအောင်

ရန်ကုန်၊ ဧပြီ ၈ ။     ။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ စီးဝင်လာနိုင်စေရေးကို အထူးကြိုပမ်းဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တိုင်းဒေသကြီးလွှတ်တော်တွင် ပထမဆုံးအကြိမ် ပြောသည့်မိန့်ခွန်းတွင် ထည့်သွင်း ပြော ကြားခဲ့သည်။

" စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်ဖို့ အတွက် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ စီးဝင်လာနိုင်ရေးကိုလည်း အထူးကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ဝန်ကြီးချုပ်က ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြား သွားသည်။

ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရန် ပြည်သူ့ဘဏ္ဍာငွေများကို စီမံခန့်ခွဲရာတွင်လည်း အလေအလွင့်မရှိပဲ အမျှော်အမြင်ရှိစွာ သုံးစွဲရေးတို့ကိုလည်း စိစစ်ကြပ်မတ်   ဆောင်ရွက်ပေး သွားမည်ဟုလည်း ၎င်းကဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန် တိုင်းဒေသကြီးအတွင်း ပြည်သူလူထုများ နေ့စဉ်ကြုံတွေ့နေရသည့် သောက်သုံးရေ၊ လျှပ်စစ်မီး၊ အမှိုက်၊ မိလ္လာ စသည့် စနစ်များ ပျက်စီးချို့ယွင်းနေမှုများကိုလည်း ပြုပြင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းဝေး ၁၅ရက်မြောက်နေ့ ဧပြီလ ၈ရက်နေ့တွင် ပထမ ပုံမှန်အစည်းဝေး ပြီးဆုံးကြောင်း ကြေညာခဲ့ပြီး ယင်းနေ့အစည်းဝေးသို့ အစည်းဝေးတက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၁၁၉ဦး တက်ရောက်ခဲ့ပြီး ၄ ဦးခွင့်တိုင်ကြား ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly