Bitcoin ကပညာရေးဆိုင်ရာ တွန်းအားပေးမှုနှင့် အနောက်အာဖရိကတွင် ဆွဲဆောင်နေလျက်ရှိ 

Bitcoin ကပညာရေးဆိုင်ရာ တွန်းအားပေးမှုနှင့် အနောက်အာဖရိကတွင် ဆွဲဆောင်နေလျက်ရှိ 

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)

https://www.facebook.com/bitcoin.MM.initiatve

အနောက်အာဖရိကရှိ Bitcoin ကိုမွေးစားခြင်းကို  crypto powerhouse နှင့် ဒေသရဲ့ စီးပွားရေးအချက်အချာဖြစ်တဲ့  နိုင်ဂျီးရီးယားကလွှမ်းမိုးထားပါတယ်။ ဒါပေမယ့် ပြင်သစ်ဆန့်ကျင်ရေး စိတ်ဓာတ်နောက်ခံကို ဆန့်ကျင်သည့်အနေဖြင့် Bitcoin ပညာရေးဆိုင်ရာ ကြိုးပမ်းမှုများကလည်း ပြင်သစ်ဘာသာကို အဓိကသုံးတဲ့ အနောက်အာဖရိကတွင် ပွက်ပွက်လောရိုက်နေလျက်ရှိပါတယ်။ 

ဆီနီဂေါက ပထမဆုံး Bitcoin လဲလှယ်ရေးနှင့် ပညာရေးစင်တာကို မကြာသေးမီက ဖွင့်လှစ်ခဲ့ပြီး လူ 17 သန်းသာရှိတဲ့  နိုင်ငံဟာ ဒီဇင်ဘာလတွင် မြို့တော် Dakar တွင်  Bitcoin ဖိုရမ်ကို လက်ခံကျင်းပမည်ဖြစ်ပြီး၊ Nourou ဟုခေါ်သော ပြည်တွင်း Bitcoin ထောက်ခံသူဟု လူသိများသော လွတ်လပ်သော Bitcoin node ကို လုပ်ဆောင်တဲ့ ဒီဇင်ဘာလတွင် လက်ခံကျင်းပမှာဖြစ်ပါတယ်။

ပြင်သစ်ဆန့်ကျင်ရေး စိတ်ဓာတ်ဟာ ဒေသတွင်းတွင် သမိုင်းဝင်ရှိခဲ့သော်လည်း မကြာသေးမီက လူထုဆန္ဒပြပွဲများတွင် ပိုမိုထင်ရှားလာခဲ့ပါတယ်။ အိမ်နီးချင်း မာလီနိုင်ငံက ၁၉၆၀ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီးကတည်းက ပြင်သစ်ကို နိုင်ငံရဲ့တရားဝင်ဘာသာစကားအဖြစ် မကြာသေးမီက ရုတ်သိမ်းခဲ့ပါတယ်။ နိုင်ဂျာနိုင်ငံ၊ မာလီအရှေ့ဘက်နှင့် နိုင်ဂျီးရီးယားမြောက်ပိုင်းတွင် မကြာသေးမီက စစ်တပ်အာဏာသိမ်းမှုက ပြင်သစ်သမ္မတ Emmanuel Macron နှင့် ဒေသတွင်းရှိ ပြင်သစ်ရဲ့ စစ်ရေးဗျူဟာအတွက် သိသာထင်ရှားသော ဆုတ်ယုတ်မှုကို ကိုယ်စားပြုနေလျက်ရှိပါတယ်။ ပြင်သစ်နာမည်ကြီးသတင်းစာ Le Monde က အာဏာသိမ်းမှုက နိုင်ဂျာနိုင်ငံရဲံ့ Sahel ဒေသတွင် ပြင်သစ်စစ်ရေးဗျူဟာအတွက် “ပြင်းထန်သော ထိုးနှက်ချက်အသစ်” ဟု မှတ်ချက်ပေးခဲ့ပါတယ်။ 

ပြင်သစ်စကားပြော အနောက်အာဖရိကတစ်ဝှမ်းတွင် အစားထိုးငွေကြေးစဥ်းစားမှုများ အခြေခံအချက်တစ်ခု ရှာဖွေနေမှုများ ဖြစ်ပေါ်နေပါတယ်။ ဆီနီဂေါရဲ့  နည်းလမ်းရှာဖွေသူ အရေအတွက် တိုးပွားလာပြီး ငွေစုဖို့နှင့် လဲလှယ်မှုနည်းလမ်းတစ်ခုအဖြစ် Bitcoin သို့ ပြောင်းလဲနေပါတယ်။ ဘီနင်တွင် Bitcoin Mastermind  Kassamoto မှ Cointelegraph သို့ Beninois သို့ပြောင်းသည့် Bitcoin အရေအတွက်သည်လည်း မြင့်တက်လာတယ်လို့ လည်း  Cointelegraph သို့ပြောကြားဖူးပါတယ်။ 

ဆီနီဂေါအပါအ၀င် အာဖရိကနိုင်ငံများဟာဘာကြောင့် BTC ကိုအသုံးပြုသလဲ 

အနောက်နိုင်ငံများတွင် ငွေကြေးဆိုင်ရာ ဆွေးနွေးမှုနှင့် ပညာရေး အများအပြားက အွန်လိုင်းတွင်လုပ်ကြလေ့ရှိပါတယ်။ ဒါပေမယ့် အနောက်အာဖရိကနိုင်ငံများတွင် အပြင်တွင်တွေ့ဆုံမှုများနှင့် လက်တွေ့ဘဝတွင် အပြန်အလှန်ဆက်ဆံခြင်းအပေါ် ကိုတော့ အလေးပိုထားပါတယ်။ COVID-19 ကပ်ရောဂါကာလအတွင်း၊ Bitcoin နှင့် ငွေကြေးအကြောင်း ဆွေးနွေးမှုများကို ClubHouse နှင့် X (ယခင် Twitter) ကဲ့သို့သော အွန်လိုင်းပလက်ဖောင်းများတွင် ပြုလုပ်ကြပါတယ်။ Norou က cryptocurrencies ဝယ်ယူခြင်းနှင့်ရောင်းချခြင်းအတွက် Dakar ရဲ့ ပထမဆုံး  Bitcoin Physicial စတိုးဖြစ်တဲ့ Bitique ကိုဖွင့်လှစ်ခဲ့ပါတယ်။ အရောင်းအ၀ယ်ဝန်ဆောင်မှုများအပြင် လူကိုယ်တိုင် Bitcoin အကြောင်းကို လူကိုယ်တိုင်လေ့လာဖို့ ပညာပေးအစီအစဉ်များလည်း ရှိလိမ့်မယ်လို့ပြောကြားထားပါတယ်။ workshop များက နှစ်နာရီ သို့မဟုတ် သုံးနာရီကြာဖြစ်ပြီး  လေ့ကျင့်မှုဖို့အတွက် လူပေါင်းတစ်သောင်းလောက်တော့ရှိမှာဖြစ်ပါတယ်။ ကလေးများအား Bitcoin နှင့် Lightning Network ကိုအသုံးပြုနည်းကိုသင်ကြားပေးတဲ့ "Baol Digital Kids" ပရိုဂရမ်ဟုခေါ်သော နိုင်ငံတစ်ဝှမ်းရှိ Bitcoin Senegal မှပြုလုပ်တဲ့ စာသင်ခန်းသင်ခန်းစာများနဲ့အတူ လူကိုယ်တိုင်လေ့ကျင့်မှုကလည်း တွဲနေပါတယ်။

layer-2 Lightning Network မှတစ်ဆင့် သူတို့ရဲ့ ပထမဆုံး satoshis များကို လက်ခံရရှိပြီး ပေးပို့တဲ့ ဗီဒီယိုမှာ ပါတဲ့ ကလေးတွေဟာ open-source Bitcoin tool BTCmap.org တွင် စာရင်းသွင်းထားသော တိုးပွားလာတဲ့ အရေအတွက်တွင် ငွေကို သုံးစွဲနိုင်ပါသည်။ 18 လအတွင်း Dakar က Bitcoin ရုံးခန်းငယ်တစ်ခုမှ crypto ကိုလက်ခံသေလူ ဆယ်ဂဏန်းအထိ စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်များအထိပင် တိုးတက်ခဲ့ပါတယ်။

မကြာသေးမီက Nourou က ကွန်ရက်ပြတ်တောက်ခြင်းမှ ကာကွယ်နိုင်တဲ့ Bitcoin node တစ်ခုကို စနစ်ထည့်သွင်းပြီးတာနဲ့ တပ်ဆင်ခွင့်ပြုတဲ့ Blockstream ဂြိုလ်တုကိရိယာကို ပါတယ်။ 

အနောက်အာဖရိကတွင် လက်ခံရရှိခဲ့အင်တာနက်ဝန်ဆောင်မှုက တစ်ခါတစ်ရံတွင်ကွက်တိကွက်ကြားဖြစ်နိုင်ပြီး အားကိုးမရနိုင်ပါဘူး ။ Blockstream အရ ဂြိုလ်တုကိရိယာအစုံက ချိတ်ဆက်ထားသောကြောင့် မည်သည့် node ကိုမဆို စစ်ဆေးရန်အတွက် အဆက်မပြတ် streaming လုပ်ထားခြင်းက သေချာစေပါတယ်။

ဘီနင်ရှိ နယ်နိမိတ်အချို့ကိုဖြတ်ကာ Kassamoto က လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ဘီနင်ရဲ့ ထမဆုံး Bitcoin node များထဲမှတစ်ခုအဖြစ် သူယုံကြည်တဲ့ အရာကို လုပ်ဆောင်ခဲ့ပါတယ်။ 

Cassamoto က crypto က ငွေရှာသည့်ဘက်ခြမ်းတွင် လူများကို "crypto စကြဝဠာ" ထဲသို့ ပိုများလာစေရန် ဆွဲဆောင်သော်လည်း crypto လိမ်လည်မှုများ၊ ဆုံးရှုံးမှုများက Bitcoin ကို မှေးမှိန်သွားစေတာဟု Kassamoto ကပြောကြားခဲ့ပါတယ်။  "ဒီလူတွေက သူတို့ရဲ့ ဆုံးရှုံးမှုကို Bitcoin နဲ့ ချိတ်ဆက်မိတာဖြစ်တဲ့ အတွက် အလွန်အလျင်အမြန် စိတ်ပျက်ကြပြီး အဲ့အချက်က  Bitcoin အတွက် အဆိပ်သင့်ပါတယ်" လို့ သူက ဆိုပါတယ်။ ယခုနှစ်များတွင် တော့ Bitcoin တွေ့ဆုံမှုများ ပိုများလာပြီး၊ Bitcoin ဖလှယ်မှုများနှင့် အတွေးအမြင်ခေါင်းဆောင်များ ကအချိန်အတန်ကြာ ဟောပြောခဲ့တာဖြစ်တဲ့ အတွက် တချို့အရာများကို သက်သေပြဖို့ အခွင့်အလမ်းပိုများလာတယ်ပဲဆိုရပါတော့မယ်။ 

Ref : Bitcoin
 gains traction in West Africa with educational drive

Youtube : How Senegalese are adopting Bitcoin to escape their economy

Bitcoin in senegalese : why is this africa country using BTC ? 

(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

Telegram တွင် စောင့်ဖတ်ရန် → https://t.me/BitcoinMyanmarEDU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly