ရာသီပေါ်သီးနှံများ ရိတ်သိမ်းရန် နေရပ်ပြန်လိုကြသည့် ယာဒိုဒေသက စစ်ဘေးရှောင်များ (ရုပ်သံ)

By YT၊ ဂျူချန်း (မဇ္ဈိမ)
26 August 2023
ရာသီပေါ်သီးနှံများ ရိတ်သိမ်းရန် နေရပ်ပြန်လိုကြသည့် ယာဒိုဒေသက စစ်ဘေးရှောင်များ (ရုပ်သံ)

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ယာဒိုဒေသက စစ်ရှောင်နေကြသူတွေက လက်ရှိ ရာသီပေါ်သီးနှံတွေကို ရိတ်သိမ်းဖို့အတွက်  နေရပ်ပြန်လိုကြတယ်လို့ စစ်ရှောင်တွေအတွက် ကူညီရေးဆောင်ရွက်နေသူတွေကပြောပါတယ်။

လက်ရှိနေရပ်မပြန်နိုင်ကြသေးတဲ့အတွက် တနိုင်တပိုင်စီးပွါးရေးလုပ်ငန်းတွေ ထိခိုက်ကြရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်နေတဲ့ ကိုဖိုးဇော်ကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့ကတည်းက စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွါးတာဖြစ်ပြီး လက်ရှိတိုက်ပွဲ ငြိမ်နေပေမယ့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် စစ်ဘေးရှောင်တွေ နေရပ်ကို မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။

နေရပ်မပြန်နိုင်ကြသေးတဲ့ သံတောင်ကြီးမြို့နယ်က ယာဒိုကျေးရွာ၊ ဝါသောခိုကျေးရွာ၊ ကလေထကျေးရွာ၊ ဝါဘမ်းခိုကျေးရွာ၊ လိုရာဒိုကျေးရွာ၊ ပရယ်စိုးကျေးရွာတို့က စစ်ဘေးရှောင် ၂,၀၀၀ ကျော်အတွက် ဆေးဝါးအပါအဝင် တခြားအကူအညီတွေလိုအပ်နေတယ်လို့လည်း သိရပါတယ်။

ရုပ်သံ တင်ဆက်/တည်းဖြတ်-ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly