"မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံ" ကျင်းပမည် (ရုပ်/သံ)

By ရွှေနွယ် (မဇ္ဈိမ)
26 August 2023
"မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံ" ကျင်းပမည် (ရုပ်/သံ)

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့တွင် နွေဦးတော်လှန်ရေး၏ ပြည်သူ့အင်အားစု ပထမဆုံးသောညီလာခံ "မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံ” ကို ကျင်းပမည်ဖြစ်ကြောင်း ညီလာခံပြောခွင့်ရသူ ဦးကိုကိုလေးက မဇ္ဈိမကိုပြောသည်။

ညီလာခံကို ဘတ်ဖဲလိုးမြို့တွင် ဩဂုတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့၌ အမေရိကန်စံတော်ချိန် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နှစ်ရက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါညီလာခံကို ဖိတ်ကြားထားသည့် နိုင်ငံတကာမှ မြန်မာ့အရေး၊ နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားကြသည့် မြန်မာပြည်ဖွားများ တက်ရောက်ကြမည်ဖြစ်ပြီး မြေပြင်၌ရော အွန်လိုင်းမှပါ ကျင်းပမည်ဟုဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUGနှင့်အတူ နွေဦးတော်လှန်ရေးကိုအားဖြည့်ကူညီရန် ပြန့်ကျဲနေသောပြည်သူ့အင်အားများကို စုဖွဲ့ခြင်းဖြစ်ပြီး ပြည်သူ့အားဖြင့် စစ်အာဏာရှင်စနစ်ကိုအပြီးတိုင်တိုက်ထုတ်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly