စစ်ကောင်စီအကျဉ်းထောင်က ပြန်လွတ်လာတဲ့ ရဲ CDM နဲ့ အင်တာဗျူး

By မင်းထက် (မဇ္စျိမ)
25 August 2023
စစ်ကောင်စီအကျဉ်းထောင်က ပြန်လွတ်လာတဲ့ ရဲ CDM နဲ့ အင်တာဗျူး

"ညွှန်မှူးရုံးအဖွဲ့တွေဝင်လာပြီး ကျွန်တော်တို့ကို လောက် လေး ဂွနဲ့ပစ်တယ်၊ ရင်ဘတ်တွေ မှန်တယ်၊ ဗိုက်တွေမှန်တယ်။ကျွန်တော့်အစ်ကိုက မင်းခွေး ကိုက်တော့မခံနဲ့ကွာတဲ့၊ နောက်ထပ်လုပ်စရာတွေရှိ သေးတယ်၊ ဝမ်းလျားမှောက် ပေးလိုက်ပါတဲ့၊ မှောက်ပေးလိုက်ရတယ်၊ အဲ့မှာ ကျွန်တော်တို့ကို လည်ပင်းတွေ တက်နင်း၊ ခေါင်းတွေဖြတ်ကန်ပြီးတော့ လက်ထိပ်ခတ်တယ်ပေါ့"ဟု ရဲ CDM ကိုတာရာလင်းက မဇ္ဈိမကို ပြောပါတယ်။

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ တလိုင်းကွင်းကျေးရွာမှာ နေထိုင်ပြီး ကြံခင်းမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဲဒုတပ်ကြပ်တာရာလင်းနဲ့ အစ်ကိုဖြစ်သူ ရဲတပ်သားသူရိန်လင်းတို့ ညီအစ်ကိုနှစ်ဦးဟာ စစ်တပ်အာဏာသိမ်းပြီး နောက်တရက်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က လူမှုကွန်ယက်မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ရေးသားခဲ့ကြပါတယ်။

ဒါကြောင့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ နှစ်ယောက်လုံး ဖမ်းဆီးခံခဲ့ကြရပါတယ်။

သူတို့နှစ်ဦးထဲက ညီဖြစ်သူ ကိုတာရာလင်းဟာ အခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အစ်ကိုဖြစ်သူ ကိုသူရိန်လင်းကတော့ ဆက်လက်ထိန်းသိမ်း ခံထားရဆဲပါ။

ထောင်က လွတ်မြောက်လာတဲ့ ရဲဒုတပ်ကြပ်တာရာလင်းရဲ့ အတွေ့အကြုံနဲ့ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အခြေအနေတွေအပေါ်  မဇ္စျိမက ဆက်သွယ်မေးမြန်းထားပါတယ်။

ရုပ်သံတည်းဖြတ် = နောင်နောင်
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly