ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလို့ ဒေသခံတွေတိမ်းရှောင်

By KMN (မဇ္ဈိမ)
25 August 2023
ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလို့ ဒေသခံတွေတိမ်းရှောင်

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းထိုးသွားလာနေတာကြောင့် ကျေးရွာ ခုနစ်ရွာက ဒေသခံ ၈,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းက ဩဂုတ်လ ၁၃ ရက်ကစပြီး ဝက်လက်မြို့နယ်ထဲကို ဝင်ရောက်နေတာဖြစ်ပြီး ကျေးရွာတွေမှာ အထိုင်ချတာ နေအိမ်တွေကိုမီးရှို့တာ ရွာခံတွေကိုဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံကပြောပါတယ်။

လက်ရှိ ဝက်လက်မြို့နယ်ထဲက ထန်းကြီး၊ ပေါက်ကန်၊ ခက်ခ၊ စမွန်း၊ ကျွန်းဦးတော၊ ပဒူ၊ ညောင်ပင်ကြီးတော စတဲ့ ကျေးရွာ ခုနစ်ရွာက ဒေသခံတွေထွက်ပြေးနေရတယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်က ပြောပါတယ်။

စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

တင်ဆက်၊တည်းဖြတ် - KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly