တရုတ်သို့ပြောင်းရန် ဒီယေဂိုကော်စတာစဉ်းစားနေဟု သတင်းထွက်

တရုတ်သို့ပြောင်းရန် ဒီယေဂိုကော်စတာစဉ်းစားနေဟု သတင်းထွက်

ဧပြီ ၈၊ လန်ဒန်။             ။ ချယ်လ်ဆီးအသင်းတွင် မတည်မငြိမ်ဖြစ်နေသော တိုက်စစ်မှူး ဒီယေဂိုကော်စတာသည် လာမည့်နွေရာသီတွင် အက်သလက်တီကိုသို့ ပြောင်းရွှေ့မှုအဆင်မပြေလျှင် တရုတ်သို့ပြောင်းရန်စဉ်းစားနေသည်ဟု တယ်လီဂရပ်ဖ်သတင်းစာက ဖော်ပြသည်။

ကော်စတာသည် ချယ်လ်ဆီးအသင်းတွင် မပျော်မရွှင်ဖြစ်နေပြီး နည်းပြသစ်အဖြစ် ကွန်တီရောက်လာတော့မည့်တိုင်အောင် အသင်းပြောင်း ချင်နေသည်။

အသက် ၂၇ နှစ်အရွယ်ရှိတိုက်စစ်မှူးသည် ၂၀၁၄ ကပြောင်းလာခဲ့သည့် အက်သလက်တီကိုအသင်းသို့ပြန်ပြောင်းနိုင်ရန် မျှော်လင့်နေသော် လည်း စပိန်အသင်းက တတ်နိုင်ခြင်းမရှိပါက တရုတ်သို့ပြောင်းရန်စဉ်းစားလာခဲ့ခြင်းဖြစ်သည်။

အက်သလက်တီကိုဥက္ကဋ္ဌ စီရီဇိုက ချယ်လ်ဆီးအသင်းသည် ဒီယေဂိုကော်စတာကို ရောင်းချင်စိတ်မရှိသလောက်ပင်ဖြစ်သည်ဟု ယခုလ အစောပိုင်းတွင်ပြောဆိုထားရာ   ကော်စတာကိုပြန်လည်ခေါ်ယူနိုင်ရေးမှာ ခက်ခဲဖွယ်ရှိသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly