လူကာကူ၏ပြောင်းရွှေ့ကြေးကို ပေါင် ၆၅ သန်းဟု အဲဗာတန်အသင်းသတ်မှတ်

လူကာကူ၏ပြောင်းရွှေ့ကြေးကို ပေါင် ၆၅ သန်းဟု အဲဗာတန်အသင်းသတ်မှတ်

ဧပြီ ၈၊ လီဗာပူးလ်။              ။ အဲဗာတန်အသင်းသည် တိုက်စစ်မှူးလူကာကူ၏ပြောင်းရွှေ့ကြေးကို ပေါင် ၆၅ သန်းဟု သတ်မှတ်ထားသည်။ ယင်းမှာ ဘောလုံးသမိုင်း တစ်လျှောက် ဂါရတ်ဘေးလ်၊ စီရော်နယ်ဒို၊ နေမာနှင့် ဆွာရက်ဇ်တို့ပြီးနောက် ပဉ္စမမြောက်ဈေးအများဆုံးဖြစ်သည်။

အဲဗာတန်အသင်းသည်လူကာကူကိုအသင်းတွင်ဆက်ထိန်းထားလိုသော်လည်း လာမည့်နွေရာသီတွင် ယင်းဘယ်လ်ဂျီယံတိုက်စစ်မှူးကို လက်လွှတ်ရဖွယ်ရှိနေသဖြင့် ယခုကဲ့သို့ ပြောင်းရွှေ့ကြေးသတ်မှတ်လိုက်ခြင်းဖြစ်သည်။

မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီး၊ ပီအက်စ်ဂျီ၊ ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့သည် အဲဗာတန်၏ဂိုးသွင်းအများဆုံး တိုက်စစ်မှူးကို စိတ်ဝင်စားနေကြသည်။

အသက် ၂၂ နှစ်သာရှိသေးသည့် လူကာကူသည် ချန်ပီယံလိဂ်ကစားချင်သည်ဟု လူသိရှင်ကြားထုတ်ဖော်ဝန်ခံထားပြီး အဲဗာတန်ကလည်း နွေရာသီတွင် အသင်းပြောင်းခွင့်ပေးမည်ဟု အာမခံပေးထားဖွယ်ရှိကြောင်း မယ်ရာသတင်းစာက သုံးသပ်ခဲ့သည်။

ချယ်လ်ဆီးတိုက်စစ်မှူးဟောင်းလူကာကူသည် ပြီးခဲ့သည့်နွေရာသီကတည်းက လက်ရှိရာသီတစ်ရာသီဆက်ကစားပေးရန် အသင်း၏ တိုက်တွန်းမှုကို လက်ခံခဲ့သည်ဟု ယုံကြည်ရသည်။

သို့သော်လက်ရှိရာသီတွင် အသင်းမှာ ပြည်တွင်းဖလားပြိုင်ပွဲနှစ်ခု၌ ဆီမီးတက်ခဲ့သော်လည်း လိဂ်တွင်မူ အဆင့် ၁၂ နေရာရောက်နေပြီး ထိပ်သီး လေးသင်းနေရာထက် တန်းဆင်းဇုန်နှင့်ပိုမိုနီးကပ်နေသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly