ရီပတ်ဘလစ်ကန်သမ္မတလောင်း ပထမစကားစစ်ထိုးပွဲ စတင် | VOA On Mizzima

ရီပတ်ဘလစ်ကန်သမ္မတလောင်း ပထမစကားစစ်ထိုးပွဲ စတင် | VOA On Mizzima

 

၂၀၂၄ အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်းတွေ ပထမဆုံး အကြိမ် စကားစစ်ထိုးပွဲ ဗုဒ္ဓဟူးနေ့ Wisconsin ပြည်နယ် Milwaukee မှာ ကျင်းပခဲ့ပါတယ်။

ပါတီတွင်း သမ္မတလောင်းအဖြစ် လူထုစစ်တမ်းတွေမှာ ရှေ့ဆုံးက ပြေးနေတဲ့ သမ္မတဟောင်း Donald Trump ကတော့ စကားစစ်ထိုးပွဲမှာ သူ မပါဘူးလို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း သူနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက စကားစစ်ထိုးပွဲအပေါ် လွှမ်းမိုးနေပါလိမ့်မယ်။ VOA သတင်းထောက် Steve Herman စကားစစ်ထိုးပွဲ ကျင်းပတဲ့ Milwaukee မြို့ကနေ သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ဆက်ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly