ဂန့်ဂေါနယ်က စစ်ရေးအချက်အချာကျတဲ့ စစ်တပ်စခန်းကုန်းကို ယောနကစစ်ကြောင်း တိုက်ခိုက်

By ရောင်နီ (မဇ္ဈိမ)
23 August 2023
ဂန့်ဂေါနယ်က စစ်ရေးအချက်အချာကျတဲ့ စစ်တပ်စခန်းကုန်းကို ယောနကစစ်ကြောင်း တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က စစ်ကောင်စီစခန်းကုန်းတခုကို ယောကာကွယ်ရေးတပ်(YDF)ရဲ့ ယောနကစစ်ကြောင်းက သြဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းမှာ ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ အမှတ်(၂၃) ကာကွယ်ရေး ပစ္စည်းစက်ရုံနဲ့ နှစ်မိုင်အကွာမှာရှိပြီး စစ်ရေးဗျူဟာအချက်အချာကျတဲ့ စခန်းကုန်းဖြစ်တာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ YDF ပြန်ကြားရေးအဖွဲ့၀င်တဦးက ပြောပါတယ်။

အဲဒီ့တိုက်ပွဲမှာ တပ်ကြပ်ကြီးအပါအ၀င် စစ်ကောင်စီတပ်ဖွဲ့၀င် သုံးဦးသေဆုံးခဲ့ပြီး သေနတ်နှစ်လက်နဲ့ အသုံးအဆောင်ပစ္စည်းအချို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ ၎င်းကဆိုပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဘက်မှာအထိအခိုက်မရှိခဲ့ဘူးလို့ YDF က သတင်းထုတ်ပြန်ထားပါတယ်။

YDFအနေနဲ့ ယောဒေသအပါအဝင် နိုင်ငံတဝှမ်းလုံး ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ပြည်သူလူထုကို သတင်းစကားပါးပါတယ်။

တင်ဆက်/ တည်းဖြတ် - ရောင်နီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly