စစ်ကောင်စီ ဖွဲ့စည်းပုံနဲ့ COC ပျက်ယွင်း‌နေပြီလို့ NUGနဲ့ တော်လှန်ရေးအင်အားစုတွေ ပြော (ရုပ်သံ)

By ဂျူချန်း (မဇ္ဈိမ)
22 August 2023
စစ်ကောင်စီ ဖွဲ့စည်းပုံနဲ့ COC ပျက်ယွင်း‌နေပြီလို့ NUGနဲ့ တော်လှန်ရေးအင်အားစုတွေ ပြော (ရုပ်သံ)

မြန်မာနိုင်ငံအနှံ့အပြားမှာ ဘက်ပေါင်းစုံ စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီတပ်ဟာ အခုချိန်မှာ အင်အားချိနဲ့နေပြီး တပ်တွင်းဖွဲ့စည်းပုံလည်း ယိုယွင်းလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။ ဒါ့အပြင် တော်လှန်ရေးနှစ်နှစ်တာကာလအတွင်းမှာ ပြည်သူ့ခုခံစစ်တွေကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံး သုံးသောင်းခွဲခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိမှာ Chain of Comand - COC အလုံးအစုံပျက်ယွင်းနေပြီလို့ မဆိုနိုင်သေးပေမယ့် သေချာတာကတော့ တပ်တွင်းမှာ စိတ်ဓာတ်ပျက်ပြားနေပြီး တိုက်ရည်ခိုက်ရည် ကျဆင်းနေပြီဖြစ်တယ်လို့ နေပြည်တော် အမှတ်(၄၅) ကင်းထောက်လေယာဉ်အုပ်က လေသူရဲ CDM ဗိုလ်ကြီး ဇေသူအောင်က မဇ္ဈိမကို ပြောပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ တပ်ရင်းစုစုပေါင်း ၅၂၂ ရင်းရှိပြီး လက်ရှိမှာ ဖွဲ့စည်းပုံအရ တပ်ရင်းတရင်း  အင်အား ၈၅၀ ကျော် ရှိရမယ့်အစား အင်အား ၁၃၀ ကျော်ခန့်ပဲရှိနေပြီး ရှေ့တန်းထွက်နိုင်တဲ့တပ်သား အယောက် ၇၀ နဲ့ နောက်ချန်တပ်သား ၆၂ ယောက်ပဲ ကျန်တော့တယ်ဆိုတဲ့ တပ်တွင်းလှို့ဝှက် စာရွက်စာတမ်းတွေလည်း ထွက်ပေါ်လာတာကြောင့် စစ်ကောင်စီရဲ့ ဖွဲ့စည်းပုံဟာ တကယ့်ကို ယိုယွင်းလာပြီဖြစ်တယ်လို့လည်း စစ်ရေး လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ရုပ်သံတင်ဆက်/တည်းဖြတ်-ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly