ကမ္ဘာလုံးဆိုင်ရာ ဖရိုဖရဲဖြစ်မှု ကြီးထွားနေစဉ် ရုရှားနှင့် တရုတ်၏ စစ်ရေးခြိမ်းခြောက်မှုကို အမေရိကန် သတိပေး

ကမ္ဘာလုံးဆိုင်ရာ ဖရိုဖရဲဖြစ်မှု ကြီးထွားနေစဉ် ရုရှားနှင့် တရုတ်၏ စစ်ရေးခြိမ်းခြောက်မှုကို အမေရိကန် သတိပေး

ဝါရှင်တန်၊ ဇူလိုင် ၂ ။       ။ အမေရိကန်၏ လုံခြုံရေးအကျိုးစီးပွားကို ရန်လိုခြိမ်းခြောက်နေသူများအဖြစ် တရုတ်နှင့် ရုရှကဲ့သို့ နိုင်ငံ များကို အမေရိကန်၏ စစ်ရေးမဟာဗျူဟာသစ်က ရွေးထုတ်ပြခဲ့သည်။ထို့အပြင် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများကြီးထွားနေခြင်း၊ ကမ္ဘာလုံး ဆိုင်ရာ တည်ငြိမ်မှုတို့နှင့် ပတ်သက်၍ သတိပေးခဲ့သည်။

အင်အားကြီးနိုင်ငံတစ်ခုနှင့် အမေရိကန်တို့တိုက်ခိုက်ကြမည့် စစ်ပွဲကြီးတစ်ခု ဖြစ်လာနိုင်ခြေမှာ နှေးကွေးသော်လည်း ကြီးထွား လာနေသည်ဟု အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမာတင်ဒဲမ်ဆေးက ဇူလိုင် ၁ တွင်ထုတ်ပြန်ခဲ့သော အစီရင်ခံ စာတွင်ဖော်ပြထားသည်။ ရုရှသည် အိမ်နီးချင်းနိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားမှုမရှိကြောင်း အကြိမ်ကြိမ်ပြသခဲ့ပြီး ၎င်း၏ရည်မှန်ချက်အောင်မြင်ရေးအတွက် အင်အားသုံးချင်နေသည်ဟု 2015 National Military Strategy အစီရင်ခံစာ တွင် ဖော်ပြထားသည်။

ရုရှ၏ စစ်ရေးအပြုအမူများက ဒေသဆိုင်ရာလုံခြံရေးကို တိုက်ရိုက်ထိခိုက်နေပြီး ကိုယ်စားပြုတပ်ဖွဲ့များမှ တဆင့်လည်း ထိခိုက်စေ သည်ဟု အစီအရင်ခံစာကဖော်ပြခဲ့သည်။ယူကရိန်းအရှေ့ပိုင်းတွင် ပဋိပက္ခတွင် ရုရှတပ်ဖွဲ့များရှိနေခြင်းကို ထောက်ပြခဲ့ပြီး ရုရှ သည် ယူကရိန်းအရှေ့ပိုင်းတွင် ချထားကာ ခွဲထွက်ရေးသူပုန်တို့ကို အားပေးခဲ့သည်ဆိုသည်။ ထို့အပြင် အဆင့်မြင့်နည်းပညာ ထွန်းကားနေသောနိုင်ငံများနှင့် ပတ်သက်၍လည်း စိုးရိမ်ကြောင်း အစီရင်ခံစာကဖော်ပြခဲ့သည်။

စစ်ဘက်ဆိုင်ရာစနစ်များကို အသုံးချစဉ် နည်းပညာပျံ့နှံ့ခြင်းက ကြိုတင်သတိပေးမှုနှင့် တိကျသောတိုက်ခိုက်နိုင်စွမ်းကဲ့သို့ အမေရိကန်က ကြာရှည်စွာဆုပ်ကိုင်လာခဲ့သည့် တပန်းသာနေမှုအား စိန်ခေါ်လျက်ရှိသည်ဟု ဖော်ပြထားသည်။

တရုတ်နှင့် ရုရှအပြင် အီရန်နှင့် မြောက်ကိုရီးယားတို့ကိုလည်း အစီရင်ခံစာက ထည့်သွင်းဖော်ပြခဲ့သည်။ အစီရင်ခံစာက အီရန်နှင့် မြောက်ကိုရီးယားတို့၏ နျူကလီယားနှင့် ပဲ့ထိန်းဒုံးကျည်စွမ်းရည်များကို မီးမောင်းထိုးပြခဲ့သည်။ ယင်းနိုင်ငံများ သည်လည်း အမေရိကန်နှင့် မဟာမိတ်များအတွက် လုံခြုံရေးစိုးရိမ်ရသည့်နိုင်ငံများစာရင်းတွင် ပါဝင်သည်။

၂၀၁၁ခုနှစ်က အစီအရင်ခံစာတွင်မူ ရုရှအကြောင်းမပါဝင်ခဲ့ပေ။.

တရုတ်၏ အပြုအမူများကလည်း အာရှ-ပစိဖိတ်ဒေသအတွက် တင်းမာမှုကိုဖြစ်စေသည်ဟု ဖော်ပြခဲ့သည်။ယင်းသို့ဖော်ပြခြင်းမှာ အငြင်းပွားတောင်တရုတ်ပင်လယ်တွင် တရုတ်သည် ၎င်း၏စစ်ရေးနှင့် အရပ်ဖက်တည်ရှိမှုကို မြင့်တင်ရန် ကျွန်းများ တည်ဆောက် မြေယာဖော်ယူခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။

သို့သော်လည်း အမေရိကန်၏ နှစ်စဉ် စစ်အသုံးစရိတ်ဘတ်ဂျက်မှာ မည်သည့်နိုင်ငံထက်မဆို များစွာသာလွန်နေဆဲဖြစ် ပြီး နှစ်စဉ်ဒေါ်လာ ၆၀၀ဘီလျံဝန်းကျင်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly