MODက “တိုင်ကြားမှုများဆိုင်ရာကော်မတီ” ဖွဲ့စည်းပြီး ၃လအတွင်း အမှုပေါင်း ၁၄၆ ခုအနက် စိစစ်ပြီး ၁၂ မှုကို သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်း

By ဂျူချန်း (မဇ္ဈိမ)
21 August 2023
MODက “တိုင်ကြားမှုများဆိုင်ရာကော်မတီ” ဖွဲ့စည်းပြီး ၃လအတွင်း အမှုပေါင်း ၁၄၆ ခုအနက် စိစစ်ပြီး ၁၂ မှုကို သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်း

တော်လှန်ရေးကာလမှာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုတွေကို စစ်ဆေးဖော်ထုတ်နိုင်ဖို့အတွက် “တိုင်ကြားမှုများဆိုင်ရာကော်မတီ” ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။

တိုင်ကြားလာတဲ့ အမှုတွေကို ကနဦး စုံစမ်းစစ်ဆေးညှိနှိုင်းတာတွေကိုလုပ်ဆောင်ပြီး သက်ဆိုင်ရာဌာနတွေဖြစ်ကြတဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွေဆီကို စနစ်တကျလွှဲပြောင်းပေးထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အမှုပေါင်း ၁၄၆ မှုထဲကနေ တရားစီရင်ဖို့ သက်ဆိုင်ရာဌာနတွေကို ၁၇ မှု လွှဲပြောင်းပေးခဲ့ပြီး ၁၀၇ မှုကို စိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီး ပိတ်သိမ်းလိုက်တဲ့အမှု ၁၀ ခုရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်စုံစမ်းဖို့ အဆင်မပြေလို့ မှတ်တမ်းတင်ထားတဲ့အမှု ၁၂ မှုရှိတယ်လို့ MOD ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကပြောပါတယ်။

တိုင်ကြားလာတဲ့ အမှုတွေထဲမှာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက အများစုဖြစ်ပြီး ပြည်သူတွေက နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တွေနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ တွေရဲ့ လုပ်ဆောင်ချက်အချို့ကို မကျေနပ်တာကြောင့် တိုင်ကြားမှုအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ရုပ်သံ တင်ဆက်/တည်းဖြတ်- ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly