မကွေးတိုင်းအတွင်းက ဒေသခံတချို့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးသတ်ဖြတ်တာ ခံနေရ (ရုပ်/သံ)

By KMN (မဇ္ဈိမ)
21 August 2023
မကွေးတိုင်းအတွင်းက ဒေသခံတချို့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးသတ်ဖြတ်တာ ခံနေရ (ရုပ်/သံ)

မကွေးတိုင်းထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံထားရသူ ၅၁ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဩဂုတ်လ ၁၈ ရက်နေ့အထိ ကောက်ယူထားတဲ့စာရင်းတွေအရအမျိုးသမီး ၁၄ ဦးနဲ့ အမျိုးသား ၃၇ ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မူတွေ ကျေးရွာသားတွေကို အကြမ်းဖက်မူတွေ ဆက်တိုက် ပြုလုပ်လာတယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) တပ်ဖွဲ့  နိုင်ငံရေးမှူးက ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly