အင်ဒိုနီးရှားမှာ ပေါ့ပ်အဆိုတော်တစ်ယောက် စင်ပေါ်မှာ မြွေကိုက်ခံရပြီး သေဆုံး

အင်ဒိုနီးရှားမှာ ပေါ့ပ်အဆိုတော်တစ်ယောက် စင်ပေါ်မှာ မြွေကိုက်ခံရပြီး သေဆုံး

ဂျကာတာ၊ ဧပြီ၊ ၇ ။          ။ မြွေတွေကိုအသုံးပြုပြီးဖျော်ဖြေတင်ဆက်လေ့ရှိသူအဖြစ် အင်ဒိုနီးရှားမှာလူသိများတဲ့ အမျိုးသမီးပေါ့ပ် အဆိုတော်တစ်ယောက်ဟာ စင်ပေါ်မှာဖျော်ဖြေနေတုန်း   မြွေဟောက်အကိုက်ခံရကာ သေဆုံး သွားခဲ့ပါတယ်။

အာမာဘူလီလို့အမည်ရတဲ့ အဆိုပါ အသက် ၂၉ နှစ်အရွယ်ပေါ့ပ်အဆိုတော်ဟာ အနောက်ဂျာဗားမှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲ တစ်ခုမှာ စတန့်ပြဖျော်ဖြေဖို့အတွက်စင်ပေါ်မှာ သူမအသုံးပြုတဲ့ မြွေဟောက်ကိုတက်နင်းမိရာက မြွေဟောက်ကိုက်တာခံခဲ့ ရတာ ဖြစ်ပါတယ်။

အဲဒီလို မြွေဟောက်ကိုက်တာခံရပြီးတဲ့နောက်မှာတောင် အာမာဘူလီဟာ ၄၅ မိနစ်ခန့်ဆက်လက်ဖျော်ဖြေနေခဲ့သေးပြီး နောက်ပိုင်းမှာမှ လဲကျသွားခဲ့ကာ စင်ပေါ်မှာပဲသေဆုံးသွားခဲ့ပါတယ်။

အာမာဘူလီကို ကိုက်ခဲ့တဲ့မြွေဟောက်ဟာ အရွယ်အစားကြီးမားပြီး အလွန်အဆိပ်ပြင်းတဲ့ တောကြီးမြွေဟောက် ဖြစ်ပါတယ်။

အာမာဘူလီဟာ သူမရဲ့ဒုတိယမြောက်သီချင်းကို သီဆိုဖျော်ဖြေနေစဉ်မှာတင် မြွေဟောက်ကိုတက်နင်းမိခဲ့ပြီး မြွေဟောက်က သူမရဲ့ပေါင်ကိုကိုက်လိုက်တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly