တောင်ကိုရီးယားတွင် လေးရက်ဆက်တိုက် မားစ်ကူးစက်မှုမရှိရာမှ အသစ်ကူးစက် ခံရသူတစ်ဦးတွေ့

တောင်ကိုရီးယားတွင် လေးရက်ဆက်တိုက် မားစ်ကူးစက်မှုမရှိရာမှ အသစ်ကူးစက် ခံရသူတစ်ဦးတွေ့

ဆိုးလ်၊ ဇူလိုင် ၂ ။        ။ တောင်ကိုရီးယားတွင် လေးရက်ဆက်တိုက် မားစ်ကူးစက်မှုမရှိခဲ့ရာမှ အသစ်ကူးစက်ခံရသူကို တွေ့ရှိ ခဲ့သည်ဟု တောင်ကိုရီးယားက ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဆော်ဒီအာရေးဘီယားပြင်ပတွင် အကြီးမားဆုံးဖြစ်ပွားနေသော တောင်ကိုရီးယားတွင် မားစ်ကူးစက်ခံရသူ ၁၈၃ဦးရှိသွားပြီဖြစ် သည်။ နောက်ဆုံးကူးစက်ခံရသူမှာ ဆိုးလ်ရှိ Samsung Medical Center မှသူနာပြုတစ်ဦးဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီး ဋ္ဌာနက ပြောသည်။ မားစ်ကူးစက်ခံရသူထက်ဝက်နီးပါးမှာ ၎င်းဆေးရုံတွင် ကူးစက်ခံရခြင်းဖြစ်သည်။ကူးစက်မှုအား ရပ်တန့်ရန် ယင်းဆေးရုံ၏ ကျန်းမာရေးဝန်ဆောင်မှုအများစုကို လွန်ခဲ့သည့်လက ရပ်ဆိုင်းခဲ့သည်။

ယင်းဆေးရုံက ကူးစက်မှုအသစ်များရှိနေစဉ် ဆေးရုံကို အကန့်အသတ်မရှိပိတ်ထားသည်။ ကူးစက်ခံရသူ ၁၈၃ ဦးအနက် ၃၃ဦးမှာ သေဆုံးသွားပြီဖြစ်သည်။ ၁၀၂ဦးမှာ ကုသပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကာ ၄၈ ဦးမှာ ကုသခံနေ ရဆဲဖြစ်သည်။ ယင်း၄၈ ဦးအနက် ၁၂ဦးမှာ စိုးရိမ်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly