စစ်ကောင်စီတည်တဲ့ ဘုရားကို အခကြေးငွေနဲ့ ဖူးမြော်ရတော့မယ်

By မိုးသောက် (မဇ္ဈိမ)
18 August 2023
စစ်ကောင်စီတည်တဲ့ ဘုရားကို အခကြေးငွေနဲ့ ဖူးမြော်ရတော့မယ်

ကမ္ဘာပေါ်က ရုပ်ပွားတော်တွေထဲ ဉာဏ်တော်အမြင့်ဆုံးလို့  စစ်ကောင်စီက ကြွေးကြော်ထားတဲ့  နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာမယ့် ဩဂုတ်လ ၂၀ရက်နေ့ကစပြီးတော့ ပြည်သူတွေက ငွေကြေးပေးဆောင်ပြီးဖူးမြော်ရတော့မှာပါ။

ရင်ခွင်ပိုက်အရွယ်ကလေးငယ်တွေကလွဲပြီးတော့ မြန်မာတစ်ဦးကို မြန်မာငွေကျပ် ၁,၀၀၀ နဲ့ နိုင်ငံခြားသားတစ်ဦးကို ၁၀  ဒေါ်လာ သတ်မှတ်ကောက်ခံသွားမှာဖြစ်ပြီး အခြားရိုက်ကူးရေးလုပ်ဆောင်မှုတွေ၊ ကားရပ်နားခတွေအတွက်လည်း ကောက််ခံမှာဖြစ်တယ်လို့ စစ်ကောင်စီက ကြေညာထားတာပါ။
စစ်ကောင်စီ၏ဘုရားကိုသွားရောက်ဖူးမျှော်ခဲ့တဲ့ဆရာတော် ၊ နိုင်ငံတကာငြိမ်းချမ်းရေးသံဃကွန်ရက်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇင်းဂျောင်းဂျောင်းကတော့ စစ်ကောင်စီက နောက်ပိုင်းမှာလူမလာတော့မှာကို ကြိုတွက်ထားတဲ့ အတွက်  ဒီလိုလုပ်တာဖြစ်နိုင်တယ်လို့မိန့်ကြားပါတယ်။

တင်ဆက်/တည်းဖြတ်- မိုးသောက်
စာတည်း-အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly